ကာဆီးလက်စ်လို ကစားပါဆိုတဲ့ စကားမျိုးတွင်တဲ့အထိ ကစားသမားဘဝမှာသူက ထိပ်ဆုံးကို ရောက်ခဲ့ဖူးတယ်။ သူကစားတဲ့နေရာက ဂိုးသမားပါ။ ဒါပေမဲ့ သူဟာ သူ့အသင်းအတွက် အလွန်အရေးပါတဲ့သူဆိုတဲ့ ယုံကြည်မှုမျိုးကို ပြိုင်ဘက်တွေဆီက၊ ပရိသတ်တွေဆီက၊ နည်းပြတွေဆီက ရခဲ့တယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘောလုံးသမားဘဝဟာ ရီးယဲလ်မက်ဒရစ်၊ ပေါ်တို၊ စပိန်တို့မှာ နှစ်ပေါင်း ၃၀ နီးပါးလောက်ကစားခဲ့ပြီး၊ ပွဲအရေအတွက် ထောင်ချီကို ကျော်လွန်ခဲ့ခြင်းဖြစ်တယ်။ ကစားသမားဘဝက အနားယူကြောင်းကြေညာတော့ အသက်က ၃၉ နှစ်ဖြစ်နေပြီ။ ဒါတောင် သူက မနားချင်သေးပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာလည်းမရှိတော့ဘူး။ ၂၀၁၉ မေလတုန်းက သူက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေရင်း ရင်ဘတ်၊ ပါးစပ်နဲ့ လက်မောင်းတို့ဆီက နာကျင်မှုကို ခံစားခဲ့ရတယ်။ အသင်းဆရာဝန်ကို ပြောတော့ ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ပြီး Heart Attack ခံခဲ့ရတယ်ဆိုတာကို သိခဲ့ရတယ်။ သူကတော့ ပြန်သက်သာလာရင် ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်းပြန်ဆင်းမယ်။ ဘောလုံးပြန်ကစားမယ်လို့ တွေးခဲ့တာပဲ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
