Top News

Ballon d'Or ဆုကို မက်ဆီ ရှစ်ကြိမ်မြောက်ရရှိမည်ဟု သတင်းများဖော်ပြ
24htopnews | December 3, 2024 6:12 PM CST

 

အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီသည် Ballon d'Or ဆုကို ယခု နှစ်တွင် ရှစ်ကြိမ်မြောက်ရရှိမည်ဟု သတင်းများစွာက ဖော်ပြလျက်ရှိသည်။ 

၂၀၂၃ Ballon d'Or ဆုပေးပွဲအခမ်း အနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Theatredu Chatelet တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ဆုပေးပွဲမှာ ၆၇ ကြိမ်မြောက်အဖြစ် ကျင်းပမည်လည်းဖြစ်သည်။ 

မက်ဆီအနေဖြင့် ယခုနှစ်အကောင်းဆုံးဆုသာ ဆွတ်ခူးနိုင်ခဲ့လျှင်  Ballon d'Or ဆုကို စံချိန်တင်အဖြစ် ရှစ်ကြိမ်မြောက် ရရှိမည်ဖြစ်ပြီး ဥရောပပြင်ပလိဂ်များ၌ ကစားကာ ဆုရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ 

မက်ဆီသည် Ballon d'Or ဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်များက ခုနစ်ကြိမ်တိုင် ဆွတ်ခူးထားပြီး အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် စီရော်နယ်လ်ဒို(၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)ကို နှစ်ကြိမ် ဖြတ်ထားလျက်ရှိသည်။ 

မက်ဆီအနေဖြင့် ပြီးခဲ့သည့်အပတ်က မေဂျာလိဂ်ပြိုင်ပွဲ ရပ်နားထားသည့်ကာလအတွင်း  ဘာစီလိုနာသို့ အငှားပြန်ကစားဖွယ်ရှိသည်ဟုလည်း သတင်းထွက်ခဲ့သည်။


READ NEXT
Cancel OK