ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်း ဆွီဒင်ပရိသတ်နှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီးနောက် ဘယ်လ်ဂျီယံ-ဆွီဒင် ယူရိုခြေစစ်ပွဲကို ပထမပိုင်းအပြီး၌ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်မှာ ယင်းခြေစစ်ပွဲမကစားမီ ၄၅ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်ပစ်သတ်မှုမှာ Boulevard d'Ypres တွင် ဖြစ်ပွားခဲ့ပြီး ယင်းနေရာမှာ ဘောလုံးပွဲကစားသည့် King Baudouin Stadium နှင့် သုံးမိုင်(ငါးကီလိုမီတာ)သာကွာဝေးကြောင်း သိရသည်။
ပစ်သတ်ခံရသူနှစ်ဦးသည် ဘောလုံးပွဲကြည့်ရှုရန် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိလာခြင်းဟုတ်၊ မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဆွီဒင်ဘောလုံးဂျာစီများ ဝတ်ဆင်ထားသူများဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့ဝင်တစ်ဦးဟု အမျိုးသားတစ်ဦးက သူ့ကိုယ်သူ ဖွင့်ဟပြီး ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားသည့် ဗီဒီယိုဖိုင်လည်း အွန်လိုင်းတွင် ထွက်ပေါ်ခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ထုတ်ပြန်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှု သံသယကြောင်း ပွဲရွှေ့ဆိုင်းခဲ့ကြောင်းနှင့် အခြားအချက်အလက်များ ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။
ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒားဒယ်ခရူးက ယင်းဖြစ်စဉ်အပေါ် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်တိုက်ခိုက်မှုဟု ရှုတ်ချခဲ့ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်သတိပေးမှုကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ဆွီဒင်ပရိသတ်နှစ်ဦး သေဆုံးသည့်အပြင် အခြားတစ်ဦးမှာ ဒဏ်ရာအများအပြား ရရှိခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဒယ်ခရူးက အတည်ပြုပြောကြားခဲ့သည်။
''ကျွန်တော်တို့နဲ့ ဘယ်လ်ဂျီယံ အသင်း လက်ကျန်အချိန်အတွက် ဆွေးနွေးခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ ဆက်မကစားဖြစ်တော့တာပါပဲ။ အခုချိန်မှာ အရေးအကြီးဆုံးအရာက ပရိသတ်တွေရဲ့လုံခြုံရေးပါပဲ''ဟု ဆွီဒင်နောက်ခံလူ လင်ဒီလော့ဖ်က
ပြောကြား ခဲ့သည်။
ယင်းပွဲမတိုင်မီ အစောပိုင်းပွဲစဉ်တွင် သြစတြီးယားအသင်း အနိုင်ရကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ဘယ်လ်ဂျီယံမှာလည်း အစောပိုင်းကတည်းက ယူရိုခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
