မကြာသေးမီက ကွယ်လွန်သွားခဲ့သည့် လေဒီကေသီ၏စျာပနအခမ်းအနားသို့ ခင်ပွန်းဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်၏ နာမည်ကျော် တပည့်ဟောင်းများစွာ လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
လေဒီကေသီသည် ကွယ်လွန်ချိန်တွင် အသက် (၈၄) နှစ် အရွယ်ရှိပြီဖြစ်ကြောင်းလည်း သိရှိရသည်။
နာမည်ကျော် ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်သည့် စိန့်အင်ဒရူးတွင် ပြုလုပ်ခဲ့သည့် စျာပနအခမ်းအနားမတိုင်မီရက်များတွင် ပရိသတ်များစွာက အမှတ်တရပန်းစည်းများ၊ ပစ္စည်းများ လာရောက်ပို့ဆောင်ဂုဏ်ပြုခဲ့ကြသည်။
စျာပနအခမ်းအနားနေ့တွင်မူ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းများဖြစ်သည့် ဒေးဗစ်ဘက်ခမ်၊ ဂယ်ရီနဗီးလ်၊ နစ်ကီဘတ်၊ မိုက်ကယ်ကာရစ်၊ ပက်ဂျီဆန်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ စတိဗ်ဘရုစ် စသူတို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် နည်းပြဟောင်းများဖြစ်သည့် ကင်နီဒဲဂလစ်ရှ်၊ ဘရန်ဒန်ရော်ဂျာ၊ အာချီနော့စ်စသည့် နည်းပြများလည်း တက်ရောက်ခဲ့ကြသည်။
ထို့ပြင် လီဗာပူးလ်အသင်း၏စကော့တလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်သူ အန်ဒီရောဘတ်ဆန်ကလည်း ဟားလ်စီးတီးအသင်းတွင် သူ၏နည်းပြဖြစ်ခဲ့ဖူးသည့် ရွိုင်းဟော့ဒ်ဆန်နှင့်အတူ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။
ဆာအဲလက်စ်ဖာဂူဆန်၏ အသင်းဟောင်းဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းကလည်း ''မန်ချက်စတာယူနိုက်တက်အသင်းမှာရှိတဲ့ တစ်ဦးချင်းစီကနေ ကွယ်လွန်သွားတဲ့ လေဒီကေသီအတွက် ဆာအဲလက်စ်ဖာဂူဆန်မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြလိုပါတယ်။ လေဒီကေသီဟာ ဆာအဲလက်စ်ရဲ့ အောင်မြင်တဲ့သမိုင်းကြောင်းမှာ အဓိကအထောက်အကူပြုခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်''ဟု ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
