မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းတို့အသင်း၏ ရှယ်ယာ(၂၅)ရာခိုင်နှုန်းအား ဆာဂျင်ရက်ကလစ်ဖ်က ပေါင် (၁.၃)ဘီလီယံဖြင့် လွှဲပြောင်းဝယ်ယူမည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့ဝင် (၁၂) ဦးပါ ဘုတ်အဖွဲ့၏မဲပေးရွေးချယ်မှုဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့ဝင် (၁၂)ဦးမှာ ဂလေဇာညီအစ်ကို (၆) ဦးနှင့် လက်ရှိ မန်ယူအသင်းအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်တို့အပါအဝင် အသင်းနှင့်ပတ်သက်နေသူ နောက်ထပ် (၂) ဦး။ လွတ်လပ်သော ရပ်တည်မှုရှိသည့် ဘုတ်အဖွဲ့ဝင် (၃) ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
ထွက်ပေါ်နေသည့်သတင်းများအရ ယင်းမဲပေးရွေးချယ်မှုမှာ လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး မန်ယူအသင်းဘုတ်အဖွဲ့ဝင်များသည် ဆာဂျင်ရက်ကလစ်ဖ် လွှဲပြောင်းဝယ်ယူမည့်ကိစ္စအတွက် သဘောတူထားပြီးဖြစ်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
အသက် (၇၀) အရွယ်ရှိပြီဖြစ်သည့် ဓာတုပစ္စည်းလုပ်ငန်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် ဗြိတိန်၏ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ပေါင်(၁၇)ဘီလီယံကျော် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။
သူသည် ငယ်စဉ်ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကို အမာခံအားပေးခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သော်လည်း ချယ်လ်ဆီးအသင်းကို ရိုမန် ရောင်းထုတ်ရန် စီစဉ်ခဲ့စဉ်ကလည်း ပေါင် (၄)ဘီလီယံအထိပေးကာ တော့ဒ်ဘိုလီတို့နှင့် အပြိုင် ဝယ်ယူရန်ကြိုးပမ်းခဲ့ဖူးသူဖြစ်သည်။
ယင်းအတွက် အသင်းပရိသတ်အချို့သည် ဆာဂျင်ရက်ကလစ်ဖ်၏ ကလပ်အသင်းအပေါ် သစ္စာရှိမှုနှင့်ပတ်သက်၍ မေးခွန်း ထုတ်နေကြသော်လည်း ဆာဂျင်ရက်ကလစ်ဖ်နှင့် နီးစပ်သူများကမူ ၎င်းင်း၏ အမြဲတမ်းနံပါတ် (၁) ဦးစားပေးအစီအစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူခွင့်ရရှိရေးသာဖြစ်သည်ဟု ဆိုခဲ့သည်။
ဆာဂျင်ရက်ကလစ်ဖ်သည် မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူသည့်တိုင် မေဂျာရှယ်ယာများကို အဓိကပိုင်ဆိုင်ထားသူများမှာ ဂလေဇာမိသားစုဝင်များသာဖြစ်ခြင်းကြောင့် (၂၅) ရာခိုင်နှုန်း ပိုင်ဆိုင်ရုံမျှဖြင့် ကလပ်အသင်းရှယ်ယာများကို ဝယ်ယူခြင်းအပေါ် သဘောမတွေ့သူများလည်း ရှိသည်။
သို့ရာတွင် ပရိသတ်အချို့ကမူ ဂလေဇာမိသားစု အလုံးစုံပိုင်ဆိုင်ထားခြင်းထက် အခြားသူတစ်ဦး ရှယ်ယာအမြောက်အမြား ပိုင်ဆိုင်လာခြင်းမှာ ကျေနပ်စရာဖြစ်ကြောင်း ထောက်ခံရေးသားခဲ့သည်။
(၁၂) ဦးပါ ဘုတ်အဖွဲ့ဝင်များ၏ မဲပေးမှုအပြီးတွင် တရားဝင်သတင်းကြေညာချက်များ ထွက်ပေါ်လာမည်ဖြစ်သော်လည်း ယခုအနေအထားအရ ဆာဂျင်နှင့်အပေါင်းအပါများသည် အောင်ပွဲခံစားသောက်ပွဲပြုလုပ်ပြီးဖြစ်သည်ဟုလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
