မြန်မာ ယူ-၁၉ အသင်းသည် ပဏာမကစားသမားလူရွေးပွဲအဖြစ် တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)နှင့် အောက်တိုဘာ ၁၈၊ ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားသွားရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၀ ရက်မှစ၍ ပဏာမကစားသမား ၂၈ ဦးဖြင့် စတင်လေ့ကျင့်မှုများပြု လုပ်ခဲ့သော်လည်း ကစားသမား ဖြည့်တင်းရွေးချယ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၈၊ ၂၀ ရက်များတွင် တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)နှင့်လူရွေးပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သော်လည်း အောက်တိုဘာ ၁၆ ရက်အထိ ကစားမည့်ကွင်းအပေါ် အတည်မပြုနိုင်သေးကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ကစားမည့်ပွဲကို သုဝဏ္ဏကွင်း၌ ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် အောက်တိုဘာ ၂၀ ရက်တွင် ကစားမည့်ပွဲကိုမူ ဗဟန်းအားကစားကွင်း(M-3) ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်သည် ယင်းခြေစမ်းပွဲနှစ်ပွဲမှနေ၍ တိုင်းနှင့် ပြည်နယ် ယူ-၁၈ လက်ရွေးစင်အသင်း(တိုင်းစတား)မှ ထူးချွန်ကစားသမားများကို မြန်မာ ယူ-၁၉ ပဏာမလက်ရွေးစင်အသင်း၌ ဖြည့်တင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ ပြင် မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ်ဖြစ်သူ ဦးအောင်နိုင်သည် ပြန်လည်စတင်တော့မည့် MNL ပြိုင်ပွဲမှ အသက်မီသည့်ကစားသမားများကိုလည်း ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နည်းပြချုပ် ဦးအောင်နိုင်သည် အသက်မီသေးသည့် မြန်မာ ယူ-၁၉ လက်ရွေးစင်ဟောင်းကစားသမားများကိုလည်း ပြန်လည်ရွေးချယ်ခံရန် လမ်းဖွင့်ပေးထားကြောင်း သိရသည်။
ထို့ ကြောင့် လက်ရှိကာလမှာ မြန်မာ ယူ-၁၉ အသင်းအနေဖြင့် လူရွေးချယ်ရေးအပိုင်းကိုသာ အဓိကဦးစားပေးလုပ်ဆောင်နေလျက်ရှိပြီး လာမည့် ဒီဇင်ဘာကာလရောက်မှသာ လူရွေးချယ်ရေးအပိုင်း ပြီးဆုံးနိုင်ဖွယ်ရှိကြောင်း သိရသည်။
မြန်မာ ယူ-၁၉ အသင်းသည် လာမည့်နှစ်တွင် အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
