Top News

၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်
24htopnews | December 3, 2024 6:12 PM CST

အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှုကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လာမည့် ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း ၁၅ သင်းနှင့် အိမ်ရှင်ထိုင်းအသင်း၊ ပေါင်း ၁၆ သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လေးသင်း လေးအုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ကြောင်း သိရသည်။

AFC သည် ပြိုင်ပွဲဝင်မည့် အသင်း ၁၆ သင်းကို ဆီဒင်သတ်မှတ်ထားရာ Pot-1 တွင် အိမ်ရှင်ထိုင်း၊ ဂျပန်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ Pot-2 တွင် တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ Pot-3 တွင် အီရတ်၊ ဘာရိန်း၊ တောင်ကို ရီးယား၊ မြန်မာ၊ Pot-4 တွင် ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ သြစတြေးလျ၊ တရုတ်အသင်းတို့ ပါဝင်နေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် အုပ်စုတွင်း၌ ပါလက်စတိုင်းအသင်းကို(၂-၁) ဂိုး၊ အိန္ဒိယအသင်းကို(၅-၂) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး တာဂျစ်ကစ္စတန်အသင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ကာ အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK