ပါလက်စတိုင်းလက်ရွေးစင် ဘောလုံးအသင်း၏ အိမ်ကွင်းပွဲစဉ်များကို အယ်လ်ဂျီးရီးယားနိုင်ငံတွင် ယှဉ်ပြိုင်ကစားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်းအသင်းသည် အစ္စရေးနှင့် ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေကြောင့် အောက်တိုဘာလ နိုင်ငံတကာရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော မာဒေးကားဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ သို့သော် လာမည့် နိုဝင်ဘာလအတွင်း၌ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပါလက်စတိုင်းအသင်းသည် နိုဝင်ဘာ (၁၆)တွင် လက်ဘနွန်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နိုဝင်ဘာ(၂၁)တွင် သြစတြေးလျအသင်းနှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းအတွက် အကူအညီပေးရန် အယ်လ်ဂျီးရီးယားဘော လုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြုကြေညာခဲ့သည်။
ယင်းကြေညာချက်၌ ပါလက်စတိုင်းအသင်း၏ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် ခြေစမ်းပွဲများကိုပါ အိမ်ကွင်းအဖြစ် အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ်အဝဝကိုလည်း အယ်လ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်မှ ကျခံပေးသွားမည်ဟု ပါရှိခဲ့သည်။
ပါလက်စတိုင်းအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်မရဖူးသေးဘဲ အာရှဖလားပြိုင်ပွဲကိုမူ နှစ်ကြိမ် ယှဉ်ပြိုင်ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
