ဖိလစ်ပိုင်တွင် အာရှ၏ အတင်းကျပ်ဆုံးနှင့် အစောဆုံး Lockdown စီမံချက်အချို့ကို အကောင်အထည်ဖော်ခဲ့သော်လည်း ဗိုင်းရပ်စ် ကူးစက်မှန်းမသိရသူ ၁၅၀၀၀ အထိကို ဖော်ထုတ်နိုင်ရန် ဧပြီ ၁၄ တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရှာဖွေမှုအား အရှိန်မြှင့်တင်ခဲ့သည်။
ဖိလစ်ပိုင်တွင် လတ်တလော၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၂၂၃ ဦးရှိပြီး ၃၃၅ ဦး သေဆုံးခဲ့သည်။
COVID-19 လူနာများအား ကုသပေးနေသော မနီလာရှိ ဆေးရုံများသို့ တက်ရောက်ခဲ့ရသူများ သို့မဟုတ် ထိုဆေးရုံများတွင် လုပ်ကိုင်နေသူ ၈၀၀၀ ခန့်အား ပစ်မှတ်ထားပြီး ဧပြီ ၁၄ မှစတင်၍ ဗိုင်းရပ်စ်စစ်ဆေးမှုများကို တာဝန်ရှိသူများက အရှိန်မြှင့်တင်ခဲ့သည်။
ဖိလစ်ပိုင်သည် အရှေ့တောင်အာရှ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် အမြင့်မားဆုံးထဲတွင် ပါဝင်ခဲ့ပြီး သေဆုံးမှုများ၏ ရာခိုင်နှုန်း ၄၀ ကို ကိုယ်စားပြုနေသော်လည်း အစိုးရက နယ်စပ်များအား ပိတ်ပစ်ရန်နှင့် လူဦးရေထက်ဝက်ကျော်အား နေအိမ်များတွင်သာ နေစေရန် အလျင်အမြန်ဆောင်ရွက်မှုများက ပိုမိုဆိုးရွားသော ကူးစက်၊ သေဆုံးမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အန္တရာယ်ကို ရှောင်လွှဲခဲ့ဖွယ်ရှိကြောင်း ယုံကြည်ခဲ့ကြသည်။
ကူးစက်မှုများ၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် လူ ၁၅၀၀၀ တွင် ရောဂါကူးစက်မှုများ တွေ့ရှိရခြင်းမရှိသေးသဖြင့် မြို့တော်မနီလာတွင် စမ်းသပ်စစ်ဆေးမှုများအား အရှိန်မြှင့်တင်ခြင်းသည် အလွန်အမင်းအရေးပါလာနိုင်ကြောင်း ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် စစ်ဦးစီးချုပ်ဟောင်း ကာလီတိုဂယ်ဗက်ဇ် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရှာဖွေရေးကိရိယာ နောက်ထပ် ၉ သိန်းကို ဝယ်ယူရန် သမ္မတ ရိုဒရီဂိုဒူတာတေးက ဧပြီ ၁၃ တွင် အတည်ပြုပေးခဲ့သည်။
ဖိလစ်ပိုင်တွင် လတ်တလော၌ ဗိုင်းရပ်စ်စမ်းသပ်ရှာဖွေရေးကိရိယာ ၁ သိန်းအထိကို အသုံးပြုနေပြီး ဧပြီ ၁၂ အထိ လူ ၃၃၈၁၄ ဦးအား စစ်ဆေးထားကာ မတ် ၂၉ ကထက် ၁၀ ဆ မြင့်တက်လာခဲ့သည်။ သို့သော် ကူးစက်သူ ၂၆၅ ဦးနှင့် သေဆုံးသူမရှိသော ဗီယက်နမ်တွင် လူ ၁၁၀၀၀၀ အား ဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်စစ်ဆေးပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
