စင်ကာပူတွင် ဧပြီ ၁၄ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၃၃၄ ဦး တိုးလာသောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၃၂၅၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
SAFRA Jurong အစုလိုက်အပြုံလိုက် ကူးစက်မှုနှင့်ဆက်နွှယ်ခဲ့သော အသက် ၇၀ ရှိ စင်ကာပူ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သောကြောင့် သေဆုံးသူစုစုပေါင်းသည် ၁၀ ဦးအထိ ရှိလာခဲ့သည်။
ဧပြီ ၁၄ ၌ ဖြစ်ပွားသော ကူးစက်သူသစ်များတွင် ပြည်ပမှ ဝင်ရောက်လာသူများ ကူးစက်မှု မပါဝင်ခဲ့ပေ။
ထိုကူးစက်သူသစ် ၃၀၀ ကျော်အနက် ၁၉၈ ဦးသည် ယခင်သိထားသော အစုလိုက်အပြုံလိုက် ကူးစက်မှုများနှင့် ဆက်နွှယ်နေခဲ့ပြီး အများအပြားသည် အဆောင်များတွင် နေထိုင်သော အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စင်ကာပူတွင် COVID-19 ကူးစက်မှုများအနက် အများဆုံးအစုလိုက်အပြုံလိုက် ကူးစက်မှုမှာ S11 Dormitory @ Punggol ဖြစ်ပြီး ကူးစက်မှုများ ဆက်လက်မြင့်တက်နေကာ ကူးစက်သူစုစုပေါင်း ၇၁၈ ဦးအထိ ရှိလာခဲ့သည်။
ဧပြီ ၁၄ တွင် လူ ၂၅ ဦးသည် ဆေးရုံများ သို့မဟုတ် သီးခြားခွဲထားသည့်နေရာများမှ ဆင်းသွားသောကြောင့် ကူးစက်မှုများမှ အပြည့်အဝ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းသွားသူ စုစုပေါင်း ၆၁၁ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဆေးရုံများတွင် ကုသနေဆဲ လူနာ ၁၃၂၅ ဦး ရှိပြီး အရေးပေါ် ကြပ်မတ်ကုသဆောင်များတွင် လူနာ ၂၈ ဦး ရှိကြောင်း၊ လူနာ ၁၃၁၆ ဦးသည် ပြန်လည်သက်သာပြီ ဖြစ်သော်လည်း positive ရလဒ် ထွက်ပေါ်ဆဲဖြစ်သောကြောင့် သီးခြားခွဲထားခြင်းနှင့် စောင့်ကြည့်နေရာများတွင် ထားရှိထားဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
