ပြင်သစ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့ပြီးနောက်ပိုင်း ဧပြီ ၁၄ တွင် သေဆုံးသူ ၁၅၀၀၀ ကျော်လာခဲ့သော စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။
အီတလီ၊ စပိန်နှင့် အမေရိကန်တို့တွင် သေဆုံးသူ ၁၅၀၀၀ ကျော်ခဲ့ပြီး ဖြစ်သည်။
ပြင်သစ်တွင် ပြီးခဲ့သော ရက်များက သေဆုံးမှုအရေအတွက် တည်ငြိမ်နေခဲ့ပြီးနောက် ယခုအခါ အနည်းငယ် ပြန်လည် မြင့်တက်ခဲ့သည်။
သို့သော် အရေးပေါ် ကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေရသူ အရေအတွက်သည် ပြီးခဲ့သော ၂၄ နာရီအတွင်း ၆၈၂၁ ဦးမှ ၆၇၃၀ ထိ ကျဆင်းခဲ့ပြီး ၆ ရက်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် မေ ၁၁ အထိ သက်တမ်းတိုးရန် ဧပြီ ၁၃ တွင် ဆုံးဖြတ်ခဲ့သော တစ်နိုင်ငံလုံးအား lockdown ချမှုသည် ရောဂါအား ထိန်းချုပ်ရာတွင် ကောင်းမွန်သော ထိရောက်မှုများရှိကြောင်း ပြသနေခဲ့သည်။
ပြင်သစ်ဆေးရုံများနှင့် စောင့်ရှောက်ရေးဂေဟာများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် ဧပြီ ၁၂ နှင့် ၁၃ တွင် လေးရာခိုင်နှုန်းသာ မြင့်တက်ရာမှ ဧပြီ ၁၄ တွင် ငါးရာခိုင်နှုန်း မြင့်တက်ခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၅၇၂၅ ဦးအထိ ရှိလာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး အာဏာပိုင်အဖွဲ့ ခေါင်းဆောင် Jerome Salomon က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်သည် ဧပြီ ၁၂ တွင် ၁.၇ ရာခိုင်နှုန်းနှင့် ဧပြီ ၁၃ တွင် ၂.၈ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ရာမှ ဧပြီ ၁၄ တွင် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကူးစက်သူ စုစုပေါင်း ၁၀၃၅၇၃ ဦးအထိ ရှိလာကြောင်း ၎င်းက အတည်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
