Top News

မလေးရှားတွင် အသွားအလာ ကန့်သတ်မှုအား ချိုးဖောက်မှုအတွက် လူ ၁၅၀၀၀ နီးပါး ထိန်းသိမ်းခံရ
24htopnews | December 3, 2024 7:12 PM CST

မလေးရှားတွင် မတ် ၁၈ ၌ ထုတ်ပြန်ခဲ့သော အသွားအလာကန့်သတ်မှု စည်းမျဉ်းများကို ချိုးဖောက်မှုအတွက် လူ ၁၅၀၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရကြောင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဟူဇာမိုဟာမက်က ဧပြီ ၁၅ တွင် ပြောကြားခဲ့သည်။

ထိန်းသိမ်းခံခဲ့ရသူ ၁၄၉၂၂ ဦးအနက် ၅၈၃၀ သည် တရားရုံးတွင် စွဲချက်တင်ခံခဲ့ရပြီး ၎င်းတို့၏ ပြစ်ဒဏ်များအား ကျခံနေပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အသွားအလာကန့်သတ်မှုအမိန့်အား အကြိမ်ကြိမ်ချိုးဖောက်ခဲ့သူ ၆ ဦးအား ထောက်လှမ်းသိရှိခဲ့ကြောင်း ဟူဇာက ပြောကြားခဲ့သည်။ ထိုအမိန့်အား ဆက်လက်အာခံနေသူများကို ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ၎င်းအား ပြောကြားခဲ့သည်။

COVID-19 ကူးစက်ပျံ့နှံ့မှုအား မြန်နိုင်သမျှမြန်မြန် ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၂၈ အထိ အကျုံးဝင်မည့် အဆင့် ၃ ဆင့် ပါ အသွားအလာကန့်သတ်မှု အမိန့်အား ပြည်သူလူထုက လိုက်နာကြရန် ဟူဇာက အကြံပြုခဲ့သည်။

မလေးရှားတွင် ဧပြီ ၁၅ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၈၅ ဦးရှိခဲ့ရာ အသွားအလာကန့်သတ်မှုများအား ချမှတ်ခဲ့ပြီးနောက်ပိုင်း နေ့စဉ်ကူးစက်မှုအသစ် အနိမ့်ဆုံးဖြစ်ခဲ့သည်။ ကူးစက်သူစုစုပေါင်း ၅၀၇၂ ဦး ရှိလာခဲ့ပြီး တစ်ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း ၈၃ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မလေးရှားတွင် ဧပြီ ၁၅ ၌ ဗိုင်းရပ်စ်ကူးစက်လူနာ ၁၆၉ ဦး ဆေးရုံမှ ပြန်ဆင်းခဲ့သောကြောင့် ပြန်လည်ကောင်းမွန်လာသူ အရေအတွက်သည် ၂၆၄၇ ဦး ရှိလာခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း၏ ၅၂.၂ ရာခိုင်နှုန်း က ပြန်လည်ကောင်းမွန်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK