Top News

နယူးဇီလန်ဝန်ကြီးချုပ်နှင့် အစိုးရဝန်ကြီးများက ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှု ရှိနေစဉ် လာမည့် ၆ လအတွက် လစာများအား ၂၀ ရာခိုင်နှုန်း လျှော့ယူမည်
24htopnews | December 3, 2024 7:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးဆိုင်ရာသက်ရောက်မှု ခံစားနေရစဉ် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်း၊ ၎င်း၏အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် အစိုးရဝန်ဆောင်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ်များက လာမည့် ၆ လအတွက် ၎င်းတို့၏ လစာများအား ရာခိုင်နှုန်း ၂၀ လျှော့ချယူမည် ဖြစ်ကြောင်း အာဒန်းက ဧပြီ ၁၅ တွင် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

လာမည့်လများအတွင်း နယူးဇီလန်နိုင်ငံသားများသည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ရနိုင်စဉ် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အာဒန်းက ပြောကြားခဲ့သည်။

အခြားနိုင်ငံ အများအပြားထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် နည်းပါးသော်လည်း နယူးဇီလန်သည် နိုင်ငံထဲမှ ထိုရောဂါအား အပြီးသတ်နှိမ်နင်းရန် တစ်လကြာ lockdown အား ချမှတ်ခဲ့သည်။

ဧပြီ ၁၃ တွင် COVID-19 ကြောင့် လူ ၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် နယူးဇီလန်၌ သေဆုံးသူ ၉ ဦးအထိ ရှိလာခဲ့သည်။ ကူးစက်ခံရသူ အရေအတွက်မှာမူ ၁၃၆၆ ဦး ရှိခဲ့သည်။

Lockdown ချပြီးနောက်ပိုင်း ကူးစက်ခံရသူအသစ် အရေအတွက် အလွန်အမင်း နည်းပါးနေသော်လည်း နယူးဇီလန်တွင် ကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း ယုံကြည်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 


READ NEXT
Cancel OK