ဂျပန်တွင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုများမရှိလျှင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၄ သိန်းအထိ သေဆုံးနိုင်ကြောင်း မီဒီယာများက သတိပေးထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အကူအညီများ ပိုမိုထောက်ပံ့ပေးရန် ဖိအားများကြုံနေရစဉ် နိုင်ငံသားများသည် နေအိမ်ထဲတွင်သာ နေကြရန် အစိုးရက ဧပြီ ၁၅ တွင် သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာပြသူများကိုသာ စမ်းသပ်စစ်ဆေးသည့် ဂျပန်တွင် လတ်တလောအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၀၀ ကျော်နှင့် သေဆုံးသူ ၂၀၀ နီးပါး ရှိသည်။
အရေးတကြီး တုံ့ပြန်ဆောင်ရွက်မှုများ မရှိလျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ သိန်းအထိ ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ခြင်းမရှိသော ခန့်မှန်းချက်များအား ကိုးကား၍ ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ ထို့ပြင် လူ ၈၅၀၀၀၀ အထိသည် အသက်ရှူထောက်ကူစက်ကို လိုအပ်နိုင်ကြောင်းလည်း ထိုခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။
ဂျပန်တွင် အထူးသဖြင့် တိုကျို၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အရှိန်မြင့်တက်ခဲ့သည်။ လူအချင်းချင်းကြား ထိတွေ့ဆက်သွယ်မှုကို ရာခိုင်နှုန်း ၇၀ ထိ လျှော့ချရန် အစိုးရက ရည်မှန်းထားပြီး တိုကျိုနှင့် အခြားဒေသ ၆ ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။
ညွှန်ကြားချက်များအား လိုက်နာရန်အတွက် ငွေဒဏ်များ သို့မဟုတ် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း မရှိသော်လည်း လူများအား နေအိမ်ထဲတွင်သာ နေကြရန်နှင့် စီးပွားရေးလုပ်ငန်းများအား ပိတ်ထားရန် မေတ္တာရပ်ခံထားသည်။
တိုကျိုတွင် ဧပြီ ၁၅ ၌ ကူးစက်သူသစ် ၁၂၅ ဦးကျော် ရှိခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးပြီးနောက် ဂျပန်အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်မှုအား သက်တမ်းတိုး မတိုးကို အာဘေးက ယခုသီတင်းပတ်ကုန်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်ကလည်း ဧပြီ ၆ နောက်ပိုင်း ဂျပန်ရှိ ၎င်း၏ စခန်းအားလုံးတွင် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို သက်တမ်းတိုးခဲ့သည်။ အာရှတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အများဆုံးရှိသော နေရာအား သက်ရောက်ခဲ့သော ထိုကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ဂျပန်အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာထားမှု ပြီးဆုံးမည့် မေ ၆ ရက်ကို ကျော်လွန်၍ မေ ၁၅ အထိ သတ်မှတ်ထားမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
