မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေနှင့်အတူ ထိုင်းနိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးအား ဖမ်းဆီရမိထားပြီး ထိခိုက်သေဆုံးမှုမရှိဘဲ ၎င်းင်းတို့အား စစ်ဆေးဆဲဖြစ်ကြောင်း မြန်မာအစိုးရဘက်မှ တုံ့ပြန်ပြောကြားသည်။
ထိုင်းငါးဖမ်းသဘော်အား မြန်မာဘက်မှ နိုဝင်ဘာ ၃၀ ရက်တွင် ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားတတစ်ဦးသေဆုံးပြီး ထိုင်းငါးဖမ်းသင်္ဘောတစ်စင်းနှင့် ထိုသင်္ဘောပေါ်မှ သင်္ဘောသားများကို မြန်မာအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ မီဒီယာများတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ထိုင်းငါးဖမ်းသင်္ဘောများကို မြန်မာရေတပ်က ပစ်ခတ်ခဲ့သည့်ဖြစ်ရပ်အား ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် တော်ဝင်ထိုင်းရေတပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာအေဂျင်စီများကို ပေတုန်တန်က ညွှန်ကြားထားကြောင်း ပြောကြားပြီးနောက် မြန်မာဘက်မှ ယခုကဲ့သို့ ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာဘက်မှ တုံ့ပြန်ပြောကြားရာတွင် " ဒီဖြစ်စဉ်မှာ ပထမဦးဆုံး ပြောကြားချင်တာကတော့ ပြည်ဖျက်မီဒီယာများ ရေးသားနေသလို နံပတ်(၁) မြန်မာ့တပ်မတော်( ရေ)က ထိုင်းနိုင်ငံရေပြင်ထဲဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်း ငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောချင်ပါတယ်။ နံပတ်( ၂)ကတော့ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး" ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်၊ မြန်မာ့ရေပိုင်နက်အတွင်း၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဉ်တစ်စင်းသည် နိုဝင်ဘာ ၃၀ ရက် နံနက် ၂ နာရီ ၄၀ ခန့်တွက် မြန်မာရေပိုင်နက်အတွင်း၌ လှုပ်ရှားနေသည့် မသင်္ကာဖွယ်လှုပ်ရှားမှု ငါးခုကို ရေဒါမှ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ယင်းနေရာအား စစ်ဆေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများ ဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ မိနစ် ၂၀ အတွင်းမှာ ထိုင်း ငါးဖမ်းစက်လှေတစ်စင်းကို ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်းမြောက်ဘက်ထိပ် အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာ ကျွန်တော်တို့ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ငါးမိုင်ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ယင်းစက်လှေနှင့်အတူ ဖမ်းဆီးထားသော ငါးများနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသား လေးဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းငါးဖမ်းစက်လှေနှင့်အတူ ရေတပ်စခန်းသို့ နံနက် ၄ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
" မနက် ၅ နာရီမှာပဲ ကျွန်တော်တို့ ထိုင်းနိုင်ငံမှ မြန်မာနယ်စပ် ပင်လယ်ငါးဖမ်းလုပ်ငန်း (ရနောင်း)မှာရှိတဲ့ တာဝန်ရှိသူများကို မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့၊ ငါးခိုးဖမ်းခဲ့တဲ့ ထိုင်းငါးဖမ်းလှေကို မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသား လေးဦး တို့နဲ့အတူ ဖမ်းဆီးထားကြောင်း တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိ ကနဦး စစ်ဆေးချက်များအရ ဖမ်းဆီးရမိထားသည့် စက်လှေအား ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ထိုင်းနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက် ညနေ ၃ နာရီတွင် ရနောင်းဆိပ်ကမ်းမှ ထွက်ခွာလာခြင်းဖြစ်ပြီး ည ၉ နာရီတွင် မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိ ငါးဖမ်းဆီးခဲ့ကြောင်း၊ ငါးဖမ်းစက်လှေပေါ်တွင် လိုက်ပါလာသော ထိုင်းနိုင်ငံသား တစ်ဦးလျှင် လုပ်ခလစာအဖြစ် ထိုင်းဘက်ငွေ ၁၅၀၀၀ နှင့် မြန်မာနိုင်ငံသားတစ်ဦးလျှင် လုပ်ခလစာအဖြစ် ထိုင်းဘက်ငွေ ၁၂၀၀၀ ရရှိသည်ကို ဖော်ထုတ်ရရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံဘက်ကို တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ပစ္စည်းများ တွေ့ရှိရတဲ့အတွက် စစ်ဆေးလျက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာအမျိုးသား ၂၇ ဦး၊ ထိုင်းအမျိုးသား လေးဦးတို့သည်လည်း ကောင်းမွန်စွာရှိနေကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေရာမှာ ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာများ၊ အချို့ Online ကနေပြီး လှုံ့ဆော်နေတဲ့သူများအနေနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ အထင်အမြင် လွဲစေရေး ဦးတည်ဆောင်ရွက်နေတာတွေ တွေ့ရကြောင်း ပြောလိုပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးနားချင်း နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော် အချင်းချင်းတို့အကြားတွင် ကောင်းမွန်သော အဆက်မပြတ်သည့် ဆက်သွယ် ဆောင်ရွက်မှုများရှိကြောင်း ၎င်းင်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
