Top News

ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုတွင် တတိယအကြိမ် ပိုးတွေ့ရှိပြီးနောက် ပိုးစစ်စနစ်အား စီရော်နယ်လ်ဒို Instagram မှတစ်ဆင့် ပြက်ရယ်ပြု
24htopnews | December 3, 2024 7:12 PM CST

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ကိုရိုနာဗိုင်းရပ်စ် တတိယအကြိမ်စစ်ဆေးမှုတွင် ပိုးတွေ့ရှိခဲ့ပြီးနောက် ပိုုးစစ်ဆေးမှုစနစ်အား ၎င်း၏ Instagram မှတစ်ဆင့် ပြက်ရယ်ပြုဆဲဆိုခဲ့သည်။

စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းနှင့် နိုင်ငံတကာပွဲစဉ် လိုက်ပါစဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာ(၁၃) ရက်နေ့တွင် ပိုးစတင်တွေ့ရှိခဲ့သည်။

စီရော်နယ်လ်ဒိုသည် အီတလီအစိုးရ၏ Protocol  အသစ်အရ (၁၀)ရက်သာ Quarantine ဝင်ရမည်ဖြစ်ပြီး ယင်းကာလအတွင်း ပိုးစစ်ဆေးမှုတွင် Negative ပြခဲ့ပါက Quarantine ကာလအပြီး အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။

သို့ရာတွင် စီရော်နယ်လ်ဒိုသည် ပိုးစစ်ဆေးမှု ဒုတိယအကြိမ်တွင်ရော၊ တတိယအကြိမ်တွင်ပါ  Positive ရလဒ် ဆက်လက်ပြသခဲ့သည်။

အောက်တိုဘာ(၂၈)ရက်နေ့တွင် စီရော်နယ်လ်ဒိုသည် တတိယအကြိမ် ဆေးစစ်မှုခံယူခဲ့ရပြီး အဆိုပါစစ်ဆေးမှုတွင် အောင်မြင်ခဲ့ပါက စီရော်နယ်လ်ဒိုအနေဖြင့် ဘာစီလိုနာနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရရှိမည်ဖြစ်သည်။

သို့ရာတွင် စီရော်နယ်လ်ဒိုမှာ တတိယအကြိမ် ပိုးစစ်ဆေးမှုတွင်လည်း Positive ရလဒ် ဆက်လက်ပြသခဲ့သဖြင့် ဘာစီလိုနာနှင့်ပွဲအား လွဲချော်ခဲ့ရသည်။

စီရော်နယ်လ်ဒိုသည် Quarantine ဝင်နေသည့်ကာလအတွင်း နေထိုင်ကောင်းလျက်ရှိကြောင်း ဖော်ပြလိုသည့်ပုံများကို Instagram ၌ ဆက်တိုက်တင်ခဲ့သည်။

ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ပွဲစဉ်ရှိသည့် ဗုဒ္ဓဟူးနေ့တွင် စီရော်နယ်လ်ဒိုသည် ''နေထိုင်ကောင်းပြီး ကျန်းမာနေသည်'' ဟူသည့် စာသားနှင့်အတူ ပုံတစ်ပုံတင်ခဲ့သည်။

ယင်း Post ၏ Comment ကဏ္ဍတွင် စီရော်နယ်လ်ဒိုသည် ''PCR is Bulls***'' ဟူသည့် မှတ်ချက်ကိုပေး၍ ဗိုင်းရပ်စ်စစ်ဆေးမှုစနစ်ကို ဆဲဆိုပြက်ရယ်ပြုခဲ့ခြင်းဖြစ်သည်။

PCR Test ဆိုသည်မှာ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုအတွက်  ကမ္ဘာတစ်ဝန်း အသုံးပြုနေသည့် စနစ်တစ်ခုဖြစ်ပြီး Polymerase Chain Reaction ၏ အတိုကောက်ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် အဆိုပါမှတ်ချက်ကို ပေးပြီး နာရီပိုင်းအကြာ၌ ထိုမှတ်ချက်အား ပြန်ဖျက်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အီတလီအားကစားဝန်ကြီးသည် စီရော်နယ်လ်ဒိုအနေဖြင့် ပိုးကူးစက်ကြောင်း သိရှိအပြီး အီတလီသို့ ပြန်လာရာ၌ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ထားသည်ဟု ပြောကြားထားပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်။


READ NEXT
Cancel OK