Top News

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာမှုအတွက် မွတ်စလင် ဘာသာရေးခေါင်းဆောင်ကို အိန္ဒိယအစိုးရက လူသေစေမှုနှင့် စွဲချက်တင်
24htopnews | December 3, 2024 7:12 PM CST

ပြီးခဲ့သည့်လက စုဝေးမှုတစ်ခုကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်စေခဲ့သဖြင့်ကြောင့် သေဆုံးမှု မြင့်တက်လာမှုအတွက် မွတ်စလင်ဘာသာရေးကျောင်း ခေါင်းဆောင်ကို အိန္ဒိယအစိုးရက လူသေစေမှုနှင့် စွဲချက်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၆ တွင် ပြောကြားခဲ့သည်။

ဒေလီရှိ Tablighi Jamaat ဘာသာရေးအဖွဲ့ရုံးချုပ်ကို ရဲတပ်ဖွဲ့က တားမိန့်ချခဲ့ပြီး ရောဂါခြေချုပ် ချထားခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအများအပြား၌ နောက်လိုက် အမြောက်အများ ရှိသော ယင်းဘာသာရေးအဖွဲ့က မတ်လလယ်က ဆောင်ရွက်ခဲ့သော စုဝေးပွဲသို့ တက်ရောက်ခဲ့သူများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင်ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။ ထို Tablighi Jamaat ဘာသာရေးအဖွဲ့၏ ခေါင်းဆောင် မိုဟာမက်ဆာအိခန်ဒါလဝီကို လူစုလူဝေး တားမြစ်ပိတ်ပင်မှုအား ချိုးဖောက်မှုနှင့် ကနဦးက စွဲချက်တင်ခဲ့သော်လည်း ရဲတပ်ဖွဲ့သည် ယခုအခါ လူသေစေမှုနှင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 ပြစ်မှုဆိုင်ရာ ဥပဒေအရ Tablighi ဘာသာရေးအဖွဲ့၏ ခေါင်းဆောင်သည် ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။ သန့်စင်သော အစ္စလာမ်ကို အားပေးထောက်ခံသည့် Tablighi ဘာသာရေးအဖွဲ့သည် နိုင်ငံ ၈၀ ကျော်တွင် နောက်လိုက်နောက်ပါ အများအပြားရှိသော ကမ္ဘာ့အကြီးဆုံး ဆွန်နီမွတ်စလင်အဖွဲ့တစ်ခု ဖြစ်သည်။ ဧပြီ အစောပိုင်းအထိ ကူးစက်ခံရသူ ၃,၀၀၀ နီးပါးတွင် သုံးပုံတစ်ပုံသည် Tablighi ၏ စုဝေးပွဲသို့ တက်ရောက်ခဲ့သူများနှင့် နောင်တွင် ထိုပွဲတက်သူများနှင့် ထိတွေ့ခဲ့သူများ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အိန္ဒိယတွင် ဧပြီ ၁၆ အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂,၃၈၀ ဦးရှိပြီး ၄၁၄ ဦး သေဆုံးထားသည်။

ဒေလီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၁,၅၆၁ မှုအနက် ၁,၀၈၀ သည် Tablighi ၏ စုဝေးပွဲနှင့် ဆက်နွှယ်နေကြောင်း ဒေလီအစိုးရ၏ ဧပြီ ၁၅ တွင် ထုတ်ပြန်သော စာရင်းအင်းများက ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပျံ့နှံ့ခြင်းအတွက် မွတ်စလင်အဖွဲ့ကို အပြစ်တင်ခြင်းဖြင့် ဘာသာရေး အစုအဖွဲ့များအကြား တင်းမာမှုကို မီးထိုးပေးမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီအစိုးရကို ဝေဖန်သူများက ပြောကြားခဲ့သည်။ မွတ်စလင်အဖွဲ့ကို ပစ်မှတ်ထားခြင်းဟု ဝေဖန်ချက်များအား တာဝန်ရှိသူများက ပယ်ချခဲ့ပြီး Tablighi သည် လူမှုရေးအရ ခွာခွာနေထိုင်ကြရန် စည်းမျဉ်းချမှတ်ထားခြင်းကို ဥပေက္ခာပြုပြီး တာဝန်မဲ့ပြုမူခဲ့ခြင်းအတွက် အပြစ်တင်ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 Tablighi အဖွဲ့သည် အိမ်နီးချင်း ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်ခြင်းနှင့်လည်း ဆက်နွှယ်နေသည်။ ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆,၅၀၀ ကျော်အနက် ၆၀ ရာခိုင်နှုန်းနီးပါးသည် Tablighi စုဝေးပွဲ၊ ဆော်ဒီအာရေဗျနှင့် အီရန်ရှိ ဘာသာရေး ဝတ်ပြုပွဲများ တက်ရောက်ခဲ့သူများနှင့် ဆက်နွှယ်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

 


READ NEXT
Cancel OK