ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေစဥ် တောင်ကိုရီးယား၌ ဧပြီ ၁၅ တွင် ကျင်းပခဲ့သည့် ပါလီမန် ရွေးကောက်ပွဲတွင် အာဏာရပါတီက အပြတ်အသတ် အနိုင်ရခဲ့ကြောင်း တစ်စိတ်တစ်ပိုင်း ရလဒ်များက ဖော်ပြခဲ့သည်။
အမတ်နေရာ ၃၀၀ ရှိသော အမျိုးသားလွှတ်တော်တွင် သမ္မတ မွန်းဂျေအင်း၏ အာဏာရ ဒီမိုကရက်တစ်ပါတီက ၁၆၃ နေရာအထိ ရရှိခဲ့သောကြောင့် တစ်ပါတီတည်းက အမတ်နေရာအများစု ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပါတီနှင့် လက်တွဲယှဉ်ပြိုင်သည့်ပါတီကလည်း အချိုးကျကိုယ်စားပြု အမတ်နေရာ နောက်ထပ် ၁၇ နေရာ ရရှိမည်ဟု ခန့်မှန်းထားသောကြောင့် စုစုပေါင်း အမတ်နေရာ ၁၈၀ အထိ ရရှိမည်ဖြစ်သည်။
အဓိက အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ United Future Party (UFP) နှင့် ၎င်း၏ တွဲဖက်ပါတီတို့က အမတ်နေရာစုစုပေါင်း ၉၇ နေရာရရှိမည်ဟု မျှော်လင့်ထားကြသည်။
ရွေးကောက်ပွဲတွင် မဲလာပေးသူအရေအတွက်သည် ၆၆.၂ ရာခိုင်နှုန်းအထိ ရှိသောကြောင့် တောင်ကိုရီးယားတွင် ၁၉၉၂ ခုနှစ်နောက်ပိုင်း ကျင်းပခဲ့သော မည်သည့်ပါလီမန်ရွေးကောက်ပွဲထက်မဆို မဲပေးသူအရေအတွက် မြင့်မားခဲ့သည်။
မကြာသေးမီ လအနည်းငယ်က အာဏာအလွဲသုံးစားမှုနှင့် စီးပွားရေးတိုးတက်မှု တန့်နေခြင်း စသည့် အရှုပ်တော်ပုံများက လက်ဝဲယိမ်း သမ္မတ မွန်းအား ခြိမ်းခြောက်နေခဲ့သည်။
သို့သော် ကပ်ရောဂါအား အတော်အသင့် အလျင်အမြန်နှင့် ထိထိရောက်ရောက် ကိုင်တွယ်မှုကြောင့် ပါလီမန်ရွေးကောက်ပွဲများမတိုင်မီ မွန်းအတွက် အထောက်အပံ့များစွာ ဖြစ်စေခဲ့သည်။ တောင်ကိုရီးယားသည် နိုင်ငံပေါင်း ၂၀ ထက်မနည်းသို့ ဗိုင်းရပ်စ်စမ်းသပ်ရေးကိရိယာများ တင်ပို့ခဲ့သည်။
ထို့ပြင် ကပ်ရောဂါအား တုံ့ပြန်မှုနှင့်ပတ်သက်၍ နိုင်ငံပေါင်း ၂၀ ထက်မနည်း၏ ခေါင်းဆောင်များနှင့် မွန်းက တစ်ဦးချင်းစီ ဖုန်းဖြင့် ဆွေးနွေးမှုကို မကြာသေးမီက လုပ်ဆောင်ခဲ့မှုကဲ့သို့ ၎င်း၏ ကိုရိုနာဗိုင်းရပ်စ် သံတမန်ရေးဟု ခေါ်သည့် ဆောင်ရွက်မှုကြောင့် တောင်ကိုရီးယားပြည်သူများက အစိုးရအဖွဲ့ကို ယုံကြည်မှုမြင့်တက်စေခဲ့ကြောင်း အမေရိကန်ရှိ အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်မှ နိုင်ငံရေးပညာရှင် မင်ဆီယွန်ကူက သုံးသပ်ခဲ့သည်။
ကပ်ရောဂါဖြစ်နေစဉ်အတွင်း တောင်ကိုရီးယားသည် နိုင်ငံအဆင့်ရွေးကောက်ပွဲ ကျင်းပခဲ့သော ပထမဆုံး နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပထမဆုံးဖြစ်ပွားခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သော တောင်ကိုရီးယားတွင် ယခုရွေးကောက်ပွဲ၌ မဲလာပေးသူများ အားလုံးသည် အကာအကွယ် နှာခေါင်းစည်းတပ်ရပြီး လက်သန့်ဆေးရည်ဖြင့် လက်ဆေးကာ မဲရုံဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှု ခံယူရသည်။
အဖျားရှိသူများအား သီးခြားမဲရုံများတွင် မဲပေးစေပြီးနောက် တစ်ဦး မဲပေးပြီးတိုင်း ထိုမဲရုံများကို ပိုးသတ်ဆေး ဖြန်းခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
