Top News

အမေရိကန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၂၆၀၀ နီးပါး ထပ်မံသေဆုံး
24htopnews | December 3, 2024 7:12 PM CST

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၂၆၀၀ နီးပါး ထပ်မံသေဆုံးခဲ့ပြီး စံချိန်သစ်တင်ခဲ့ကာ ကမ္ဘာတွင် မည်သည့်နိုင်ငံထက်မဆို နေ့စဉ်သေဆုံးမှုအများဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဧပြီ ၁၅ တွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၈,၃၂၆ ထိ ရှိလာခဲ့ပြီး ကမ္ဘာတွင် ယင်းဗိုင်းရပ်စ်နှင့်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သည်။ ဧပြီ ၁၅ အထိ စစ်ဆေးစမ်းသပ်မှု ၃.၂ သန်းအထိ ဆောင်ရွက်ထားခဲ့သော အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၀,၀၀၀ ကျော် အတည်ပြုတွေ့ရှိထားသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော် ခဲ့ပြီး သေဆုံးသူ ၁၃၄,၀၀၀ ကျော်ထိ ရှိခဲ့ပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဆိုထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု တစ်ဝန်းတွင် ပြဋ္ဌာန်းထားသော ပိတ်ဆို့ထိန်းချုပ်မှုများကို ရုပ်သိမ်းရန်အတွက် အစီအစဉ်များကို ဧပြီ ၁၆ တွင် ကြေညာမည်ဟု ထရန့်က ပြောကြားခဲ့သည်။

ပိတ်ဆို့ထိန်းချုပ်မှုများကို သတိနှင့်ပြန်ဖွင့်မည့် အစီအစဉ်အား ဂျာမနီက ကြေညာခဲ့ပြီး စီးပွားရေး ပြန်လည်နိုးကြားရန်အတွက် ညင်သာစွာဆောင်ရွက်ခဲ့သော ပထမဆုံးဥရောပနိုင်ငံ ဖြစ်လာခဲ့ပြီး ဥရောပတွင် ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျော့လာမှုကို ထင်ဟပ်ပြီး အမေရိကန်က လိုက်ပါဆောင်ရွက်လာခြင်းဖြစ်သည်။

 


READ NEXT
Cancel OK