ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုကို ကူညီရန်အတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် နှင့်အစိုးရအဖွဲ့သည် လစာများကို ၂၀ ရာခိုင်နှုန်း လျှော့ယူသွားမည်ဟု ဧပြီ ၁၅ က ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နယူးဇီလန်နိုင်ငံသားများ လစာလျှော့ယူနေရခြင်း၊ အလုပ်အကိုင် ဆုံးရှုံးရခြင်းတို့ကို အသိအမှတ်ပြုနားလည်ပြီး နယူးဇီလန် အများစုခံစားနေရသော ရုန်းကန်မှုကို နာကျင်ခံစားရကြောင်း ဝန်ကြီးချုပ် အာဒင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့သည် လစာကို ခြောက်လ လျှော့ယူမည်ဖြစ်ပြီး ဝန်ကြီးချုပ်လစာသည် ဒေါ်လာ ၃၀,၀၀၀ နီးပါး လျော့သွားမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယူးဇီလန် စီးပွားရေးသည် ၇.၂ ရာခိုင်နှုန်း ကျုံ့သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယူးဇီလန်စီးပွားရေးကို ထိခိုက်မှုသည် ဥရောပပြင်ပတွင် ဗင်နီဇွဲလားမှလွဲ၍ အဆိုးရွားဆုံး ဖြစ်မည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းထားသည်။
နယူးဇီလန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁,၃၈၆ နှင့်သေဆုံးသူ ၉ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် ရင်းမြစ်ဌာနက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
