Top News

ထိုင်းနိုင်ငံက နိုင်ငံထဲသို့ ဝင်ရောက်သော လေယာဉ်ခရီးစဉ်များအား ပိတ်ပင်မှုကို ဧပြီလကုန်အထိ သက်တမ်းတိုး
24htopnews | December 3, 2024 7:12 PM CST

COVID-19 ကူးစက်ပျံ့နှံ့မှုအား ဟန့်တားရန် ထိုင်းနိုင်ငံက နိုင်ငံထဲသို့ ခရီးသည်တင်လေယာဉ်များ ဝင်ရောက်မှုကို ပိတ်ပင်မှုအား ဧပြီလကုန်အထိ သက်တမ်းတိုးကြောင်း ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့က ဧပြီ ၁၅ တွင် ထုတ်ပြန်ခဲ့သည်။

ဧပြီ ၄ တွင် စတင်ထုတ်ပြန်ခဲ့သော ထိုပိတ်ပင်မှုအား ဧပြီ ၁၈ အထိ တစ်ကြိမ်သက်တမ်းတိုးထားပြီးဖြစ်ကြောင်း ထိုလေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုင်းတွင် ပြီးခဲ့သော ဇန်နဝါရီ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ကူးစက်ခံရသူစုစုပေါင်း ၂၆၁၃ ဦးနှင့် သေဆုံးသူ ၄၁ ဦးရှိသည်။ လူနာ ၁၄၀၅ ဦးမှာ သက်သာကောင်းမွန်၍ ဆေးရုံမှ ဆင်းခဲ့ပြီဖြစ်သည်။

ထိုင်းတွင် အလုပ်အကိုင်များ အဓိက ပေးထားပြီး ပြည်ပဝင်ငွေရှာပေးသည့် ကဏ္ဍတစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းသည် အထူးသဖြင့် အထိနာနေခဲ့ပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ကနဦးသက်ရောက်မှုကြောင့် ထိုင်းစီးပွားရေးသည် ဘတ် ၁.၃ ထရီလျံ (ဒေါ်လာ ဘီလျံ ၄၀) ဆုံးရှုံးမည်ဟု ခန့်မှန်းထားပြီး ဆုံးရှုံးမှုအားလုံးနီးပါးသည် ခရီးသွားကဏ္ဍမှ ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် ကပ်ရောဂါသည် ဒုတိယ ၃ လပတ်ကို ကျော်လွန်ဖြစ်ပွားပါက ထိုဆုံးရှုံးမှုများသည် မြင့်တက်လာမည်ဖြစ်ကြောင်း ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်း၏နယ်စပ်များအား မတ်လ နှောင်းပိုင်းတွင် ပိတ်ပစ်ခဲ့ပြီးနောက် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသော နိုင်ငံသားများအား နေရပ်ပြန်လာနိုင်စေရန် ပြည်နယ် ၂၁ ခုရှိ နယ်စပ်များအား ဧပြီ ၁၈ တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ အစောပိုင်း၌ ထုတ်ပြန်ခဲ့သည်။

နယ်စပ်စစ်ဆေးရေးစခန်းတစ်ခုလျှင် နေ့စဉ် လူ ၁၀၀ အထိ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့သည် ၁၄ ရက်ကြာ ရောဂါစောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုင်းသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှားတို့နှင့် ထိစပ်နေသည်။

 

 


READ NEXT
Cancel OK