နေတိုးအုပ်စု အနေဖြင့် ယူကရိန်း၏ အသိမ်းမခံရသေးသည့် နယ်မြေများကို နေတိုး အဖွဲ့မှ ကာကွယ်ပေးရန်နှင့် လုံခြုံရေးကို တာဝန်ယူမည်ဆိုပါက ရုရှား နှင့် အပစ်ရပ်ရန် သဘောတူမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတဇယ်လန်းစကီးက ကမ်းလှမ်း ပြောဆိုလိုက်သည်။
အဆိုပါ မှတ်ချက်ကို နိုဝင်ဘာ ၂၉ ရက်နေ့က Sky News ရုပ်သံနဲ့အင်တာဗျူးမှာပြောဆိုသွားခြင်း ဖြစ်သည်။
ယူကရိန်းထိန်းချုပ်မှုအောက်မှာရှိတဲ့နယ်မြေတွေ နေတိုးကာကွယ်မှုအောက် ရောက်သွားမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့မေးခွန်းကို ယူကရိန်းသမ္မတကပြန်ဖြေခဲ့တာလည်းဖြစ်ပါတယ်။ “ တကယ်လို့အခုပြင်းထန်နေတဲ့စစ်ပွဲကို ရပ်ချင်တယ်ဆိုရင် ယူကရိန်းကထိန်းချုပ်ထားဆဲဖြစ်တဲ့နေရာတွေကို နေတိုးရဲ့အရိပ်အာဝါသအောက် ထားရလိမ့်မယ်။ဒါကိုအမြန်အကောင်အထည်ဖော်ရမယ်။
နောက်ပိုင်းကျရင် အသိမ်းခံထားရတဲ့နယ်မြေတွေကိုလည်း သံတမန်နည်းနဲ့ပြန်ရနိုင်တယ်” လို့ ဇယ်လန်းစကီးကဖြေခဲ့ပါတယ်။ ခုထိတော့ ဘယ်နိုင်ငံကမှ အဲဒီလိုမကမ်းလှမ်းသေးဘူးလို့လည်း ၎င်းကပြောပါတယ်။ နေတိုးက အဖွဲ့ဝင်ဖြစ်ခွင့်ပေးမယ်ဆိုရင်လည်း ယူကရိန်းရဲ့နေရာတချို့ကိုပဲ ကွက်ပြီးသတ်မှတ်လို့မဖြစ်ဘဲ ရုရှားထိန်းချုပ်ထားတဲ့နေရာတွေအပါအဝင် ယူကရိန်းတစ်နိုင်ငံလုံးအကျုံးဝင်တဲ့ အဖွဲ့ဝင်သတ်မှတ်ချက်ဖြစ်ရမယ်လို့ ဇယ်လန်းစကီးကတောင်းဆိုပါတယ်။
အပစ်ရပ်စဲဖို့ကမ်းလှမ်းကြပေမဲ့ ရုရှားဘက်ကထပ်မတိုက်ခိုက်လာအောင် တားနိုင်တဲ့နည်းလမ်းဟုတ်မနေဘူးဆိုရင် အန္တရာယ်များတဲ့အပစ်ရပ်မှုပဲဖြစ်နေပြီး ၊ အဲဒီအာမခံချက်ကို နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းကသာ ပေးနိုင်မယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။
ဇယ်လန်းစကီးဟာ လာမဲ့ ၂၀၂၅ ခုနှစ်မှာ ယူကရိန်းစစ်ပွဲကို သံတမန်နည်းနဲ့ အဆုံးသတ်ချင်တယ်လို့ ပြောထားသူဖြစ်ပါတယ်။ ရွေးကောက်ခံအမေရိကန်သမ္မတထရန့်ကလည်း သူတာဝန်ယူတာနဲ့ ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်မယ်လို့ လူထုကိုမဲဆွယ်တုန်းကပြောထားပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ၊ နောက်ရှစ်နှစ်အကြာမှာ ယူကရိန်းကိုအလုံးအရင်းနဲ့ကျူးကျော်လာပြီးတဲ့နောက်မှာ နိုင်ငံအရှေ့ပိုင်းဒေသတွေကို သိမ်းယူထားပါတယ်။ ယူကရိန်းရဲ့စွမ်းအင်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခဲ့လို့ လူပေါင်းတစ်သန်း လျှပ်စစ်မီးပြတ်တောက်နေချိန် ၊ ယူကရိန်းမြို့တော်ကိဗ်မှာရှိတဲ့ ညွှန်ကြားချက်ပေးတဲ့အချက်အချာနေရာတွေ ပဲ့ထိန်းဒုံးကျည်သစ်လက်ချက်မိလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ခြိမ်းခြောက်ထားပြန်ပါတယ်။
Ref: Bloomberg
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
