ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကလူနေအဆောင်လုပ်ငန်းများ လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါကိစ္စအား လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်က လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့တော်အတွင်း ပုဂ္ဂ္ဂလိကအဆောင်များနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် နိုင်ငံတော်မှ တရားဝင်အခွန်အခရရှိရေးအတွက် ယခုထက်ပိုမိုစနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိမရှိ၊ ပုဂ္ဂလိကအဆောင်များနှင့်စပ်လျဉ်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များကို မည်သည့်စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုပါကြောင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်းမရှိသော ပုဂ္ဂလိက လူနေအဆောင်လုပ်ငန်းများကို စိစစ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ သိရှိလိုကြောင်း မေးခွန်းအား မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဘော်ဒါဆောင်လိုင်စင်ကို အမျိုးသား၊ အမျိုးသမီးများ တည်းခိုဖို့အတွက် ခွင့်ပြုထားတဲ့ လိုင်စင်အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ မိုတယ်၊ ဧည့်ဂေဟာတွေကိုတော့ အထွေထွေအုပ်ချုပ်ရေးက ၁၉၆၀ ပြည့် နှစ်မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေအရ အပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ မြို့နယ်ပေါ်မှာ များလာလေလေ ဖြစ်ပေါ်လာတဲ့ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာမှန်ပါတယ်။ ဒါကို စည်းကမ်းနဲ့ အညီသွားပါတယ်။ စည်းကမ်းနဲ့မညီဘူးဆိုရင် ကျွန်တော်တို့အပိုင်းက ဘော်ဒါတွေကို ပိတ်သိမ်းသလို တစ်ဖက်ကလည်း စိစစ်ပြီးသွားနေပါတယ်။ အထူးသဖြင့်တော့ လိုင်စင်စည်းကမ်းနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့ ဘော်ဒါဆောင်တွေကို ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော်စည်းကမ်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောကြားသည်။
ဘော်ဒါဆောင်များ၊ ပုဂ္ဂလိကဆောင်များသည် စီးပွားရေးအရ တိုးတက်လာကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း စက်မှုဇုန်တည်ရှိသည့်အပြင် စီးပွားရေးအရ ကောင်းမွန်သည့်မြို့နယ်များနှင့် ထိစပ်နေသည့်အတွက် လုပ်သားအင်အားစီးဝင်မှုနှင့် စီးထွက်မှု အားကောင်းကြောင်း မြို့တော်ဝန်က ပြောကြားသည်။
တည်းခိုခန်း၊ ဘော်ဒါဆောင်များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်နေကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုးကိုယ်တိုင် ဦးစီးပြီး စီမံချက်ဖြင့် စစ်ဆေးနေကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၉) ဖြင့် ထုတ်ပြန်ထားသည့် စီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၂ (စ) တွင် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်များသည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုရိပ်သာများမှအပ အခြားတည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
