Top News

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွား တရားဝင်လည်ပတ်ခွင့်ပြုပြီးနောက် ငါးလအတွင်း ဧည့်သည် ၆၀၀ ကျော် လာရောက်လည်ပတ်ခဲ့
24htopnews | December 3, 2024 9:12 PM CST

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာမြေဖြစ်သော မိုးကုတ်မြို့သို့ စက်တင်ဘာလအတွင်းမှစ၍ နိုင်ငံခြားသားခရီးသွား ဧည့်သည်လည်ပတ်ခွင့်ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သွားရောက်လည်ပတ်ခွင့်ပြုခဲ့ပြီးနောက် စက်တင်ဘာမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံခြားသားခရီးသွား ဧည့်သည် ၆၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးကုတ်ဒေသသို့ တရားဝင်လည်ပတ်ခွင့်ပြုခဲ့ရာတွင် ကနဦးအနေဖြင့် မိုးကုတ်မြို့ပေါ်ဧရိယာကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်များ၏ တောင်းဆိုမှုအရ ယခုလတွင်ထပ်မံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျောက်ပြသာဒ်၊ ပန်လင်၊ ဘားနက်နေရာများသို့ လည်ပတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

“ဧည့်သည်တွေရဲ့ တောင်းဆိုမှုအရ အစိုးရအဖွဲ့ကို တင်ပြတဲ့အခါမှာ အရင်ထက် ခရီးစဉ်တိုးချဲ့ သတ်မှတ်ပေးခဲ့တယ်။ စိတ်ဝင်စားမှုက ရတနာမြေဖြစ်တဲ့အတွက် အနောက်နိုင်ငံသားတွေ လာရောက်မှုပိုများပြီး စိတ်ဝင်စားမှုများသလို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာက တရုတ်ခရီးသွားဧည့်သည်တွေလည်း မိုးကုတ်ဒေသကို သွားရောက်ခဲ့တာတွေ ရှိတယ်။ ခွင့်ပြုချိန်ကနေပြီး အခုဖေဖော်ဝါရီအထိ အဝင်ဆိုရင် ၈၀၀ နီးပါးလောက်ရှိတယ်။ သွားမယ့်သူတွေက ကြိုတင်ရတာဖြစ်တဲ့အတွက် အခုဖေဖော်ဝါရီထဲမှာ ခွင့်ပြုထားတဲ့ဦး ရေ ၁၀၀ ကျော်လောက်ရှိပါတယ်” ဟု အထက်မြန်မာပြည် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

မိုးကုတ်မြို့သို့ နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှုအနေဖြင့် စတင်ခွင့်ပြုခဲ့သည် ၂၀၁၈ စက်တင်ဘာတွင် ၄၂ ဦး၊ အောက်တိုဘာတွင် ၉၃ ဦး၊ နိုဝင်ဘာတွင် ၂၃၅ ဦး၊ ဒီဇင်ဘာတွင် ၁၂၀ နှင့် ယခုနှစ် ဇန်န ၀ါရီတွင် ၁၂၂ ဦး စုစုပေါင်း ၆၁၂ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။  


READ NEXT
Cancel OK