ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မင်းကလွန်းကျေးရွာတွင် နှစ်၂၀ နီးပါးခန့် စိုက်ပျိုးလုပ်ကိုင်ခဲ့သော ဒေသခံသုံးဦး၏ စိုက်ပျိုးလုပ်ကိုင်မြေများပေါ်တွင် ကျွဲနွားများ လွှတ်ကျောင်းကာ စားကျက်မြေအဖြစ် သတ်မှတ်ခြင်းများကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးရသည်ဟုဆိုကာ ဒေသခံသုံးဦးက ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ နစ်နာသူ ဒေသခံသုံးဦးအပါအဝင် ကျေးရွာလူကြီး အချို့၊ ရွာသူရွာသားများနှင့် နယ်မြေခံသတင်း မီဒီယာများ၊ ရပ်ကျေး စာရေးဟောင်းများ တက်ရောက်ခဲ့ကြပြီး နစ်နာသူဒေသခံသုံးဦးက ၎င်းတို့ အစဉ်အဆက်လုပ်ကိုင်လာခဲ့သော မြေယာပိုင်ဆိုင်မှုမှတ်တမ်းများ၊ သီးနှံပျက်စီးဆုံးရှုံးမှုများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
၎င်းတို့ ဆုံးရှုံးနစ်နာသည့် အခြေအနေများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအား ဦးဆောင်ပြုလုပ်သူ ဦးတင်ရွှေက “ကျွန်တော်တို့ ဒီလယ်ယာမြေတွေက ၂၀၀၅၊ ၂၀၀၆ က သီးစားမြေအနေနဲ့ စထွက်ပြီးတော့ လုပ်လာခဲ့တာ ဒီနေ့အချိန်အထိပဲ။ ဘယ်အချိန်ထိအောင် လုပ်လာခဲ့တာလဲဆိုတော့ ၂၀၁၆ ခု နှစ်အထိ အေးအေးဆေးဆေး လုပ်ခဲ့ရတယ်။ ဒီလယ်စီ ပေါ်ပေါက်လာပြီးတဲ့ ဒီဘက်ပိုင်းကျတော့ စားကျက်ဆိုပြီးတော့ ကျွဲသမားက ကျွဲဝင်ကျောင်းတယ်၊ ကျွဲဝင်ကျောင်းတာလည်း သူတို့ဘာသာသူတို့ ဆိုင်းဘုတ်ထောင်၊ သူတို့ဘာသာသူတို့ ဆင်းကျောင်းတယ်။ ဆင်းကျောင်းပြီးတော့ ဒီဘက်ပိုင်းကို တစ်ခါစပါး ပျက်စီးသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်က လယ်တော့ပါတယ် စိုက်ပျိုးပင် မပါဘူး။ အခုဒီဆောင်းကျတော့ ကျွန်တော်ပါ စိုက်ပျိုးပင်ပါတယ်။ သုံးဦးကို ၁၆ ဧကကျော် စိုက်ပျိုးထားတယ်။ စပါးက နှစ်ဧကပါတယ်။ ကျန်တဲ့ဟာက ပဲတီစိမ်းတွေစိုက်ပျိုးထားတယ်။ အဲဒါ အကုန်လုံးကို ဖျက်ပေးလိုက်ရတယ်။ ဖျက်ဆီးလိုက်တော့ ကျွန်တော်တို့က လုပ်ကိုင်ပိုင်ဆိုင်ထားတဲ့အကြောင်း တင်ပြတယ်။ ရှင်းလင်းတယ်။ တစ်ခေါက်သွားလည်း မရှင်းပြဘူး၊ နှစ်ခေါက်သွားလည်း မရှင်းပြဘူး။ မြေစာရင်း စာမပါလို့ဆိုပြီး ဒီအတိုင်းနဲ့ပဲ တရားရုံးကလည်း ကျွန်တော်တို့ကို ပြန်နှစ်သိမ့်နေတာ နှစ်ခေါက်သုံးခေါက်ရှိနေပြီ” ဟု ဆိုသည်။
သတင်းစာရှင်းလင်းပွဲလုပ်ကြသော ဒေသခံသုံးဦးတို့က ၎င်းတို့၏ စိုက်ပျိုးမြေများမှာ လွန်ခဲ့သော ၂၀၀၂၊ ၂၀၀၃၊ ၂၀၀၄ ခုနှစ်များ မှစတင်၍ ဓားမဦးချ ခုတ်ထွင်ရှင်းလင်းလာခဲ့သော စိုက်ပျိုးမြေများသာဖြစ်ကြောင်း၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်တွင် ကျေးရွာ၏ အလယ်တန်းကျောင်းရန်ပုံငွေအဖြစ် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်း ထည့်ဝင်ပေးခဲ့ရပြီး သီးစားပြေစာ တရားဝင်လုပ်ခဲ့ကြရာ ၂၀၀၆ ခုနှစ်တွင် သီးစားပြေစာရရှိပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ နှစ်စဉ်လုပ်ကိုင်လာခဲ့ရာ ကျေးရွာဥက္ကဋ္ဌ အစဉ်အဆက်တွင် ပြဿနာမရှိဘဲ လုပ်ကိုင်လာခဲ့ကြောင်း၊ ယခုနောက်တွင် လယ်စီအဖွဲ့ ပေါ်ပေါက်လာပြီးနောက် စားကျက်မြေအဖြစ် သတ်မှတ်ခဲ့သဖြင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ မိမိတို့လုပ်ကိုင်လာခဲ့သော ပိုင်ဆိုင်မှုအထောက်အထားများနှင့် သွားရောက်တင်ပြတိုင်ကြားခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ်၍ ကျွဲသမားနှင့် စိုက်ပျိုးမြေများအား ဖြေရှင်းရန် စာထုတ်ပေးခဲ့သော်လည်း လက်ရှိမင်းကလွန်းကျေးရွာ အုပ်ချုပ်ရေးမှူးလက်ထက်တွင် စိုက်ပျိုးမြေများပေါ်တွင် ကျွဲနွားများ လွှတ်ကျောင်းသည့်အပြင် စားကျက်မြေအဖြစ် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း၊ ကျွဲနွားများ လွှတ်ကျောင်းခဲ့ခြင်းကြောင့် ဒေသခံသုံးဦးတို့၏ စိုက်ပျိုးသီးနှံများမှ ကာလတန်ကြေး ကျပ်သိန်း ၁၆၀ ခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာများထံသို့ တိုင်ကြားမှုများပြုလုပ်ခဲ့သော်လည်း ထိထိရောက်ရောက် ဖြေရှင်းပေးခြင်းမရှိသောကြောင့် စိုက်ပျိုးမြေနှင့် သီးနှံများ ဆုံးရှုံးနစ်နာခဲ့ရသူ ဒေသခံသုံးဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မင်းကလွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းက “ဒါက မြေစာရင်းက သတ်မှတ်တာပေါ့နော်။ ဘယ်နေရာ စားကျက်လည်းဆိုတာ ကျွန်တော်တို့ကျတော့ မြေပုံမြေညွှန်း မသိဘူးလေ။ မြေစာရင်းပါမှလည်း ဘယ်နေရာပါတယ်ဆိုတာ ကျွန်တော်တို့က သိရတာကိုး။ အဲဒီတော့ မြေစာရင်းကနေပြီးတော့မှ ဟုတ်တယ် ဒီနယ်နိမိတ်အတွင်းပေါ့နော်။ ဒါဟာ စားကျက်မြေဆိုပြီးတော့ ကျွန်တော်တို့ ကိုချပြတာပေါ့။ အဲဒါနဲ့ ကျွန်တော်က ဆိုင်းဘုတ်ဆိုတော့ ပထမအကြိမ်တုန်းက ကျွန်တော်က အများနဲ့ စိုက်လိုက်တာပေါ့။ နောက်တစ်ကျော့ကျတော့ ပြဿနာတွေ တက်တော့ဘေးက သိပ်မလာဘူး။ မလာတော့ အဲဒါနဲ့ ကျွန်တော်ပဲ သွားစိုက်ပေးရတယ်။ ယခုလုပ် စားနေတဲ့ တောင်သူတွေပေါ့နော်။ သူတို့မှာလည်း လယ်ပိုယာပို မရှိဘူး။ တစ်ယောက်ကို လေးငါးဧကပေါ့။ ကျွန်တော်တင်လည်းတင်ပြတယ် မြို့နယ်ကို။ ဒါလေးကတော့ ဖျက်ပေးလိုက်သင့်တယ်ပေါ့။ သူတို့မှာ မိသားစုစား ဝတ်နေရေးကလည်း ဒါလေးပဲရှိတယ်။ အခြားလယ်မြေ တစ်လက်မမှ မရှိဘူး။ အဲဒါ ကြောင့်မို့လို့ ကျွန်တော်ဖြစ်စေချင်တဲ့ဆန္ဒကတော့ ဒီလက်ရှိလုပ်စားနေတဲ့ လယ်သမားတွေသည် ကျွဲကလည်း ကျွဲလမ်းလေးကောင်း၊ ဒီလယ်သမားတွေလည်း ကျန်တဲ့ဟာလေး လုပ်စားစေချင်တာပေါ့။ ကျွန်တော့်ဆန္ဒကတော့ အဲဒီလိုရှိတာပေါ့။ ဘာလို့ဆိုတော့ သူတို့မှာ မိသားစုစားဝတ်နေရေးက ရှိသေးတာကိုး။ သူတို့ရဲ့အခက်အခဲကို ဒီဟာလေးလုပ်စားရရင်တော့ အများကြီး ဖြေရှင်းလို့ ရတာပေါ့” ဟု ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
