ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြောင်းရွှေ့ပေးရေး လွိုင်ကော်မြို့ ပြည်နယ် NLD ရုံးရှေ့တွင် စခန်းချနေသော ကရင်နီလူငယ်အင်အားစု သပိတ်စခန်း ငါးရက်မြောက်နေ့ဖြစ်သော ဖေဖော်ဝါရီ ၇ ရက်တွင် ရဲတပ်ဖွဲ့က ဖြိုခွဲဖယ်ရှားခဲ့ပြီး ခေါင်းဆောင် လေးဦးနှင့် လူငယ် ၃၂ ဦး (ပေါင်း ၃၆ ဦး) အား မြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခဲ့ကြောင်းသိရသည် ။
ညနေ ၃ နာရီခန့်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သော မြို့နယ်စီမံခန့်ခွဲရေးကော်မတီက သပိတ်စခန်းမှာခွင့်ပြုမိန့် တင်သော်လည်း ၄၈ နာရီမပြည့်ခြင်း၊ ကျောင်းအနီးတွင် ပြုလုပ်နေသောကြောင့် ကျောင်းမှအနှောင့်အယှက်ဖြစ်သည်ဟုဆိုပြီး ဖယ်ရှားပေးရန် တောင်းဆိုရာ ကရင်နီလူငယ်များက မဖယ်ရှားပေးဟု အကြောင်းပြန် သဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ခန့်ဖြင့် ခေါင်းဆောင်လေးဦးအား စတင်ဖမ်းဆီးကာ ကျန်လူငယ် ၃၂ ဦးကို ထပ်မံဖမ်းဆီးပြီး သပိတ်စခန်းကို ဖြိုခွဲခဲ့ကြောင်း သိရသည် ။
''မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌက ဦးကျော်မိုး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖြစ်တယ် ။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို အဓိက ကိုင်တွယ်နေတာက ပြည်နယ်အစိုးရ ဖြစ်တယ် ။ အဲဒီပြည်နယ်အစိုးရက ရွေးကောက်ခံမဟုတ်တဲ့ ဝန်ကြီးဦးမော်မော် နဲ့ ဦးအယ်လ်ဖောင်းရှို ဦးဆောင်နေတဲ့ အစိုးရဖြစ်တယ် ။ ကျွန်တော်တို့ကိုတရားစွဲတာက ဦးအယ်လ်ဖောင်းရှိုနဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဝန်ကြီးဦးမော်မော် ဖြစ်တယ် ။ ဒီကိစ္စတွေကိုစေခိုင်းပြီး ဒီကိစ္စတွေအားလုံးရဲ့တရားခံက ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ပဲဖြစ်တယ် ။ တာဝန်ရှိတဲ့သူတွေ အနေနဲ့ ဝတ္တရားရှိတဲ့အတိုင်းလုပ်ပါ ။ ကျွန်တော်တို့သပိတ်ကလည်း ကျွန်တော်တို့ ရပ်တည်ရေးနဲ့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြောင်းရွှေ့ရေးမဟုတ်ရင် ဖျက်သိမ်းရေးမူအောက်မှာပဲ ကျွန်တော်တို့ဆက်ပြီး နေသွားမယ် ။ တာဝန်ရှိသူတွေ ကိုပြောချင်တာက ဝတ္တရားရှိတဲ့အတိုင်း ဆောင်ရွက်လို့ရတယ်'' ဟု သပိတ်စခန်းခေါင်းဆောင်တစ်ဦးဖြစ်သော ခူးကြူးဖဲကေးက ၎င်းဖမ်းဆီးမခံရမီက ပြောကြားသည် ။
ကရင်နီလူငယ် ၄၀ ခန့်က လွိုင်ကော်မြို့ ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၌ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်အား ဖေဖော်ဝါရီ ၂ ရက်ညနေပိုင်းတွင် လာရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့်မရကြောင်း သိရသည် ။
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ အများဆုံးပါဝင်သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုစိုက်ထူခြင်း ထောက်ခံပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် လွိုင်ကော်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည် ။
ထိုနေ့က မြို့နယ်အသီးသီးမှ လာရောက်ကြသော NLD ပါတီဝင် ထောက်ခံသူ ၂၀၀၀ ခန့်မှာ မြို့တွင်းသို့ လှည့်လည်ကြပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၇၀ ခန့်ဖြင့် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ပြင်ဆင်ထားသော ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်၍ ရုပ်တုဖြစ် မြောက်ရေးကော်မတီဝင်များ ဦးဆောင်ပြီး ဖွင့်ပွဲ ကျင်းပခဲ့သည်ဟု သိရသည် ။
ဗိုလ်ချုပ်ရုပ်စတင်သယ်ဆောင်လာသည့် ဇန်နဝါရီ ၂၉ ရက်ကလည်း ကရင်နီလူငယ်အချို့ သွားရောက်တားမြစ်ကြပြီး ခေါင်းဆောင်အချို့မှာပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ကာ ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ ဝန်ကြီးချုပ်က စီမံဘဏ္ဍာဝန်ကြီး ဦးဆောင်သည်ဟုပြောဆိုသဖြင့် စီမံဘဏ္ဍာဝန်ကြီးနှင့် ထပ်မံတွေ့ ဆုံရာ ပြည်သူတစ်ဦးဖြစ်သော ဦးခွန်ထီးက ဦးဆောင်သည်ဟုဖြေဆိုကြောင်း ၊ ဦးခွန်ထီးမှာ NLD ပါတီဝင်ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုကျော်ထင်အောင်ထံမှ သိရသည် ။
ပြည်ထောင်စုအစိုးရက ကန့်ကွက်သူများရှိပါက ညှိနှိုင်းရန် ညွှန်ကြားထားသော်လည်း ပြည်နယ်ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဦးမော်မော်နှင့် NLD ပါတီဝင်များက ဇန်နဝါရီ ၂၉ ရက်တွင် မြို့ပြင်မှ သယ်ဆောင်လာရာ လမ်းတစ်လျှောက် ရပ်ကွက်နာရေးကူညီမှုယာဉ်များ၊ NLD ပါတီဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြေးရုပ်တုတည်မည့် ပန်းခြံသို့လိုက်ပါပို့ဆောင်ကြပြီး ပန်းခြံတွင် ကရင်နီလူငယ်များက လာရောက်ပြီးနောက် လုံခြုံရေးအင်အား ထပ်တိုးချခဲ့ကြောင်း သိရသည် ။
ထို့ပြင် ကရင်နီလူငယ်များက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည့်အပြင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်အတွက် အသုံးပြုထားသော ကျပ်သိန်း ၁၁၀၀ ကျော်ကို ရှင်းလင်းပေးရန်အတွက် တောင်းဆိုထားကြောင်း သိရသည် ။
ရုပ်တုစိုက်ထူခြင်းမပြုရန်အတွက် လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံအနီးတွင် ဖွင့်လှစ်ထားသော ကရင်နီပြည်လူငယ်များ၏ သပိတ်စခန်းကို ဖေဖော်ဝါရီလ ၁ ရက်တွင် ရဲတပ်ဖွဲ့ဝင် ၇၀ ခန့်ဖြင့်ဖယ်ရှားပြီး လူငယ် ၂၀ အား ငြိမ်းစုစီပုဒ်မ ဖြင့်မြို့နယ်စခန်းမှူး ဒုရဲမှူးဝင်းဌေးက တရားလိုပြုလုပ်၍ အရေးယူရာ ကိုယ်တိုင်ခံဝန်ဖြင့် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည် ။
ထို့ပြင် ၂၀၁၈ ဇူလိုင်လမှစ၍ ကရင်နီသမိုင်းအမှန် စာရွက်ဖြန့်ဝေသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက တရားလိုပြုလုပ်၍ မြို့နယ် ငါးမြို့နယ်ရှိ တရားရုံးအသီးသီးတွင် ပုဒ်မ ၅၀၅( ခ) ၊( ဂ)ဖြင့် လွိုင်ကော်တရားရုံးတွင်လည်းကောင်း၊ ပုဒ်မ ၅၀၅( ခ) ဖြင့် ဒီးမော့ဆို ၊ ဖရူဆို ၊ ဘောလခဲ ၊ ဖားဆောင်းမြို့တရားရုံးတို့တွင် စုစုပေါင်းလူငယ် ကိုးဦးကိုလည်းကောင်း၊ ်ဗိုလ်ချုပ်ရုပ်တုမတည်ဆောက်ရန် ဆန္ဒထုတ်ဖော်သဖြင့် လွိုင်ကော်တရားရုံးတွင် ငြိမ်းစုစီပုဒ်မဖြင့်လည်းကောင်း ကရင်နီလူငယ် ၁၄ ဦးမှာလည်း လွိုင်ကော်တရားရုံးတွင် တရား ရင်ဆိုင်နေကြရကြောင်း သိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
