သီလဝါအထူးစီးပွားရေးဇုန်တွင် စီမံကိန်းများ စနစ်တကျအကောင်အထည်ဖော်နေသည့်အတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) သည် အရည်သွေး ပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုရရှိအောင် ဆောင်ရွက်နိုုင်သည်ကို တွေ့ရှိရကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်း၌ စီမံကိန်းများ စနစ်တကျအကောင်အထည်ဖော်နေသည့်အတွက် အလားလာရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းများပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်စေရန် Single Window စနစ်အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးဆွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့သော သီလဝါအထူး စီးပွားရေးဇုန်၏ ယနေ့လုပ်ငန်းအောင်မြင်မှုများသည် စံနမူနာကောင်းတစ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည့်အချိန်အတွက် ကြိုတင်မျှော်မှန်း၍ သီလဝါအထူးစီးပွားရေးဇုန် ဇုန်-ဘီ ၏ Phase – 3 ကို ဖော်ထုတ်ရန် စီမံချက်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားထားသည်။
“Zone A က ၉၇ ရာခိုင်နှုန်းတောင် ပြည့်မီသွားပြီဆိုတော့ စောင့်နေကြတဲ့ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ အခြားအခြားသောစက်ရုံတွေလာနိုင်ဖို့အတွက် Zone B ကို ကျွန်တော်တို့ ဆက်လက်အကောင်အထည်ဖော်ပါတယ်။ Zone B အတွက် ဟက်တာ ၇၀၀ လျာထားပါတယ်။ အဲဒီ ဟက်တာ ၇၀၀ ထဲက ဇုန်ဘီရဲ့ First Phase ဆောင်ရွက်နေပါပြီ။ Second Phase ဆက်လက်ဆောင်ရွက်နေပါတယ်။ Third Phase ကိုလည်း ဆက်လက်ဆောင်ရွက်နေပါပြီ” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
ယခုနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ခြောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ ၁၂ ဦး၊ ဒေါ်လာ ၁၄၀ မီလျံဖိုး ထပ်မံရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ယခင်က ရင်းနှီးမြှုပ်နှံသူ ၈၂ ဦးမှဒေါ်လာ ၁၀၅၀ မီလျံရှိခဲ့ရာမှ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူ ၉၄ဦးနှင့် ဒေါ်လာ ၁၁၉၀ မီလျံအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် စုစုပေါင်းစက်ရုံမြေကွက်များ ၏ ၉ရရာခိုင်နှုန်းနှင့် Zone B,First Phase တွင် ၆၁ရာခိုင်နှုန်းတို့ကို ရောင်းချထားနိုင်ခဲ့ပြီဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ၂၀၁၇-၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါဒေသတွင် မြန်မာ -ဂျပန်နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာအရ တည်ဆောက်အကောင်အထည်ဖော်သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ-ဂျပန် ကုမ္ပဏီများဖြင့် ဖက်စက်ကုမ္ပဏီထူထောင်၍ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
