မြန်မာ့လက်ရွေးစင်အသင်းပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ၏ ဆုကြေးများမှာ အပြောင်းအလဲရှိမည်မဟုတ်ဘဲ ဗိုလ်စွဲသည့်ချန်ပီယံအသင်းမှာ ဆုကြေး ဒေါ်လာ ၃ သိန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ အာဆီယံဖလားပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီအီလက်ထရစ်က Title Sponsor ပေးထားခြင်းဖြစ်သည်။
ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီအီလက်ထရစ်သည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) နှင့်လက်တွဲ၍ ပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲမှစကာ Title Sponsor ပေးခဲ့ခြင်းဖြစ်သည်။
ဂျပန်မော်တာကုမ္ပဏီဖြစ်သည့် ဆူဇူကီးသည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) နှင့်လက်တွဲ၍ အာဆီယံဖလားပြိုင်ပွဲကို ၂၀၀၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပြိုင်ပွဲ ခုနှစ်ကြိမ်ဆက် Title Sponsor ပေးခဲ့သည်။
ဆူဇူကီးကုမ္ပဏီသည် ၂၀၀၈ နှင့် ၂၀၁၀ ပြိုင်ပွဲ နှစ်ကြိမ်ကို ချန်ပီယံဆု ဒေါ်လာ တစ်သိန်း၊ ဒုတိယဆု ဒေါ်လာ ငါးသောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆူဇူကီးကုမ္ပဏီသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ပြိုင်ပွဲ သုံးကြိမ်ဆက်ကို ချန်ပီယံဆု ဒေါ်လာ နှစ်သိန်း။ ဒုတိယဆု ဒေါ်လာ ၇၅၀၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆူဇူကီးကုမ္ပဏီသည် ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲ နှစ်ကြိမ်ဆက်ကို ချန်ပီယံဆု ဒေါ်လာ သုံးသိန်း၊ ဒုတိယဆု ဒေါ်လာ တစ်သိန်း၊ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်သည့် အသင်းနှစ်သင်း(ပူးတွဲတတိယ) ကို ဒေါ်လာ ငါးသောင်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆူဇူကီးကုမ္ပဏီသည် ၂၀၂၀ ပြိုင်ပွဲအပြီးတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) နှင့် လမ်းခွဲခဲ့ပြီး ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီအီလက်ထရစ်က အစားထိုးဝင်ရောက်လာခဲ့သည်။
မစ်ဆူဘီရှီအီလက်ထရစ်ကုမ္ပဏီသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲမှစကာ Title Sponsor ပေးခဲ့ပြီး ဆုကြေးငွေများကိုမူ အပြာင်းအလဲမပြုလုပ်ခဲ့ကြောင်း သိရသည်။
မစ်ဆူဘီရှီအီလက်ထရစ်ကုမ္ပဏီသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲတွင်လည်း ချန်ပီယံထိုင်းအသင်းကို ဆုကြေး ဒေါ်လာ သုံးသိန်း၊ ဒုတိယရ ဗီယက်နမ်အသင်းကို ဆုကြေး ဒေါ်လာ တစ်သိန်း၊ ဆီမီးဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့် အသင်းနှစ်သင်းဖြစ်သော အင်ဒိုနီးရှားနှင့် မလေးရှားတို့ကို ဆုကြေး ဒေါ်လာ ငါးသောင်းစီ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဒေါ်လာ တစ်သောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) နှင့် ဂျပန်ကုမ္ပဏီ မစ်ဆူဘီရှီအီလက်ထရစ်သည် ယခု ကျင်းပမည့် ၂၀၂၄ ပြိုင်ပွဲ၏ ဆုကြေးများကို ထုတ်ပြန်ခြင်းမရှိသော်လည်း နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ပြိုင်ပွဲကအတိုင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ အာဆီယံဖလား ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ငါးသင်း နှစ်အုပ်စုခွဲကာ လာမည့်ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အုပ်စုတွင်းတွင် အသင်းတစ်သင်းသည် အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်ပြီး ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
