၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း၏ပွဲများအပါအဝင် ပွဲစဉ်အားလုံးကို ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
Sky Net ရုပ်သံသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲမှ ပွဲစဉ်အားလုံးကို Sky Net Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံဖလား ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ငါးသင်း နှစ်အုပ်စုခွဲကာ လာမည့်ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အုပ်စုခွဲဝေထားမှုအရ အုပ်စု(A) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု(B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအိုအသင်းတို့ ပါဝင်နေသည်။
မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များကို လာမည့်ဒီဇင်ဘာ ၈ ရက်မှ ၂၁ ရက်အထိ တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အုပ်စုတွင်းတွင် အသင်းတစ်သင်းသည် အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်ပြီး ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပထမအကျော့ကို ဒီဇင်ဘာ ၂၆၊ ၂၇၊ ဆီမီးဖိုင်နယ်ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၉၊ ၃၀ ရက်များတွင် ကျင်းပမည်ဖြစ်သည်။
ဗိုလ်လုပွဲ ပထမအကျော့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၊ ဗိုလ်လုပွဲ ဒုတိယအကျော့ကို ဇန်နဝါရီ ၅ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။
Sky Net ရုပ်သံသည် ဘရူနိုင်းအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၄ အာဆီယံဖလား ပြိုင်ပွဲခြေစစ်ပွဲနှင့် အုပ်စုမဲခွဲပွဲကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
