မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားများနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်ခွင့်မပြုဘဲ မူဆယ်မြို့နယ်တွင် စားသုံးရန်အတွက် မီးဖိုချောင်သီးနှံနှင့် အသားငါးများကိုသာ တင်ဆောင်ခွင့်ပြုထားကြောင်း ဒေသခံအချို့၏ ပြောကြားချက်နှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ပစ္စည်းများတွင် အေးခဲအသားများနှင့် လူသုံးကုန် ပစ္စည်းများကို တင်ဆောင်ခွင့်မပြုထားကြောင်း သိရသည်။
"မြို့နယ်တွင်း အစားအသောက်အတွက်လောက်ပဲ တင်လို့ရတယ်။ တနိုင်ပေါ့။ အဲ့ဒါမျိုးပဲ ခွင့်ပြုထားတယ်" ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောကြားသည်။
မြန်မာဘက်မှ ဆင်ဖြူစစ်ဆေးရေးဂိတ်မှ တင်ဆောင်ရာတွင်လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားပြီး ယင်းစည်းကမ်းချက်များမှာ ကုန်ပစ္စည်းတင်ဆောင်မည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှာ သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ခွင့်ပြုမိန့်များ ပါရှိရမည်ဖြစ်ကြောင်း၊ မူဆယ်မြို့နယ်တွင်း စားသုံးရန်ဖြစ်သော မီးဖိုဆောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများတင်ဆောင်ရာတွင် စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကိုသာ ခွင့်ပြုကြောင်း၊ ယင်းသို့တင်ဆောင်ရာတွင် အလွန်အကျွံတင်ဆောင်ခြင်းခွင့်မပြုကြောင်း၊ နောက်တွင် တစ်ထုတ်၊ ရှေ့တွင် တစ်ထုတ်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အေးခဲအသားများအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားများဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းကို လုံးဝခွင့်မပြုကြောင်း၊ စက်ဘီး၊ လက်တွန်းလှည်းများဖြင့် တင်ဆောင် ခွင့် လုံးဝခွင့်မပြုကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာ ဘက်အခြမ်းသို့ ကုန်ပစ္စည်းများ တင်သွင်းခွင့် တရုတ်ဘက်က နိုဝင်ဘာ ၁၉ ရက်တွင် ပြန်လည်ခွင့်ပြုခဲ့သည်။
ဆင်ဖြူဂိတ်ကို နိုဝင်ဘာ ၁၁ ရက်မှစ၍ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားခြင်းဖြစ်ပြီး တစ်ပတ်ကျော်အကြာ တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ် သည်။
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် နယ်နိ မိတ်ထိစပ်နေသည့် မြန်မာဘက်အခြမ်းတွင် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်လျက်ရှိသည့် ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်နှင့် နန်းတော်ဂိတ်ဟုဆိုသည့် ဂိတ်သုံးခုရှိသည်။
ယင်းဂိတ်သုံးခုအနက် ဆင်ဖြူဂိတ်မှာ တစ်နိုင်တစ်ပိုင် ကုန်စည်အများစုကို ကူးသန်းခွင့်ပြုနေခြင်းဖြစ်ပြီး မန့်ဝိန်းဂိတ်မှာ ကုန်ကားကြီးများဖြင့် တင်ဆောင်ထားသည့် ကုန်စည်များကို ဝင်ထွက်ခွင့်ပြုနေခြင်းဖြစ်ကာ နန်း တော်ဂိတ်သည် လူအဝင်အထွက်ပြုလုပ်နိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
