အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၇၂၅ သန်း တန်ကြေးရှိသော စစ်ရေးအကူအညီကို ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့ရာ ဒုတိယအသုတ် မြေမြှုပ်မိုင်းများသာမက လေကြောင်းပစ်လက်နက်များ၊ သံချပ်ကာယာဉ်ဖျက် လက်နက်များ ပါဝင်လာခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏အစိုးရအဖွဲ့သည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တက်မလာမီ ယူကရိန်းကို ဒေါ်လာဘီလျံချီပံ့ပိုးပေးရန် အချိန်လု၍လုပ်ဆောင်လျက်ရှိသည်။ ဒေါ်နယ်ထရန့်လက်ထက်တွင် ယူကရိန်းအတွက် အမေရိကန်အကူအညီများသည် မရေမရာဖြစ်လာလိမ့်မည်ဖြစ်သည်။
ဒေါ်နယ်ထရန့် ကျမ်းမကျိန်မီနှစ်လပင်မလိုတော့ချိန်တွင် ပေးသော ယခုအကူအညီသည် ရုရှားကျူးကျော်မှုကို ယူကရိန်းခုခံရာတွင် ယူကရိန်းအတွက်လိုအပ်သောစွမ်းရည်များရှိစေရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် နိုုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘလင်က ဖော်ပြခဲ့သည်။
ယင်းအကူအညီထဲတွင် မြေမြှုပ်မိုင်းများ၊ ဟိုင်းမား လောင်ချာအတွက် ရော့ကတ်များ၊ စတင်းဂျား ဒုံးကျည်များ၊ ဒရုန်းတန်ပြန်ရေးစနစ်များ၊ သံချပ်ကာယာဉ်ဖျက် လက်နက်များ၊ အမြောက်ကျည်ဆန်များပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဘလင်ကင်က ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းသို့ မြေမြှုပ်မိုင်းများ ပထမအသုတ်ပေးပို့မှုကို လွန်ခဲ့သောလတွင် ကြေညာခဲ့သည်။ ယင်းသို့မြေမြှုပ်မိုင်းများပို့ဆောင်ခြင်းကိုလူ့ အခွင့်အရေးအုပ်စုများက ဝေဖန်ခဲ့သည်။
ယာဉ်များမစီးသော ရုရှား ခြေလျင်တပ်ဖွဲ့များ ကြောင့် ယူကရိန်းကို မြေမြှုပ်မိုင်းများပေးရန် လိုအပ်လာခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်က ပြောကြားခဲ့သည်။
ယူကရိန်းသည် ရုရှားတပ်ဖွဲ့များ၏ကြိုးပမ်းအားထုတ်မှုများ နှေးကွေးသွားအောင်လုပ်ရန် လိုအပ်ချက်ရှိနေသည်ဟု အော်စတင်က လွန်ခဲ့သောလတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ရာထူးသက်တမ်းကုန်ဆုံးတော့မည့် အမေရိကန်အစိုးရအဖွဲ့သည် သမ္မတရာထူးကို ဒေါ်နယ်ထရန့် လွှဲပြောင်းမယူမီ ယူကရိန်းအတွက် အမေရိကန်အကူအညီများကို တတ်နိုင်သမျှများများပေးနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။ ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာဘီလျံချီကူညီနေခြင်းကို ဒေါ်နယ်ထရန့်က အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။
မိမိ၏နိုင်ငံသည် ရုရှားနှင့်မဆွေးနွေးမီ ကိုယ့်ကိုယ်ကိုကာကွယ်ရန် နေတိုးမဟာမိတ်အဖွဲ့ထံမှ လုံခြုံရေးအာမခံချက်များနှင့် နောက်ထပ်လက်နက်များ လိုအပ်နေသည်ဟု ဒီဇင်ဘာ ၁ ရက်တွင် ယူကရိန်းသမ္မတဗိုလို ဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်း၏ဓာတ်အားလိုင်းများကို အဆက်အပြတ်တိုက်ခိုက်နေခြင်းနှင့်အတူယူကရိန်းသည် ရှေ့တွင် ပြင်းထန်သောဆောင်းရာသီကို ရင်ဆိုင်နေရသည်။ ထို့အပြင် ယူကရိန်း၏ပင်ပန်းနေသော တပ်ဖွဲ့များသည် ရှေ့တန်းတွင် နယ်မြေဆုံးရှုံးနေသည်ဟု သိရသည်။
ဇန်နဝါရီလထဲတွင် ဒေါ်နယ်ထရန့် အမေရိကန်သမ္မတရာထူးကို လွှဲပြောင်းယူသည့်အခါ ယူကရိန်းကို အမေရိကန်ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ သို့လောသို့လော မေးခွန်းများထွက်ပေါ်လျက်ရှိသည်။ ထို့အပြင် ငြိမ်းချမ်းရေးစာချုပ်မြန်မြန်ချုပ်ဆိုရေးအတွက် ထရန့်ကယူကရိန်းကို အလျှော့ပေးမှု ခိုင်းမည့်ကိစ္စများရှိလာမည်ကိုလည်း စိုးရိမ်နေကြသည်။
ရုရှားနှင့်ဆွေးနွေးမှုများ မလုပ်မီမိမိ၏ နိုင်ငံသည် ခိုင်ခိုင်မာမာရပ်တည်သည့်အနေအထားဖြစ်နေရန် လိုအပ်မည်ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ နေတိုးနှင့်အတူရှေ့တွင် ဆောင်ရွက်ရမည့် အဆင့်များကို လည်းကောင်း၊ ယူကရိန်းကိုကာကွယ်ရေး အတွက် တာဝေးပစ်ဒုံးကျည် အရေအတွက် များများရရှိစေရန်လည်းကောင်း ဇယ်လန်းစကီးက တောင်းဆိုခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
