ဖိလစ်ပိုင်နိုင်ငံတွင် ရှားပါးပင်လယ်လိပ်တစ်မျိုးကို ချက်ပြုတ်စားသောက်ပြီးနောက် သုံးဦးသေဆုံးသွားပြီး ၃၂ ဦး ဆေးရုံတင်လိုက်ရမှု ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သည်။
Maguindanaodel Norte ပြည်နယ်ရှိ ပင်လယ်ကမ်းခြေမြို့လေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိပ်သားစားမိသည့် Teduray တိုင်းရင်းသားများ၌ ဝမ်းပျက်ဝမ်းလျှောခြင်း ၊ အော့အန်ခြင်းနှင့် ဝမ်းဗိုက်နာကျင်မှုများခံစားလာ ရသည်။ ဖိလစ်ပိုင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ပင်လယ်လိပ်များကို ဖမ်းခြင်း၊စားခြင်းက တရားမဝင်သော်လည်း အချို့ဒေသများတွင် ရိုးရာစားဖွယ်တစ်ခုအဖြစ် ယနေ့တိုင်စားနေကြသည်။
မသန့် ရှင်းသည့် ရေညှိများကို စားသောက်တတ်သည့် ပင်လယ်လိပ်များကိုစားလျှင် အဆိပ် အတောက်ဖြစ်စေပြီး ယခုုဖြစ်စဉ်တွင် လိပ်သားစားမိသည့် ခွေးကြောင်များ၊ ကြက်များလည်း သေခဲ့သည်ဟု ဒေသခံအရာရှိတစ်ဦးက BBC ကိုပြောသည်။ ဖြစ်စဉ်အမှန်ကိုလည်း အာဏာပိုင်များက စစ်ဆေးနေကြသည်။
လိပ်သားကို အသီးအရွက်များ၊ ရှလကာရည်၊ ကြာညို့ခေါ် ပဲငံပြာရည်အနောက်တို့ဖြင့်ချက် စားလေ့ရှိပြီး ဖိလစ်ပိုင်၏နာမည်ကျော်ဟင်း ပွဲတစ်မျိုးဖြစ်သည်။ယခုကဲ့သို့အစာအဆိပ်သင့်မှုမျိုးထပ်မဖြစ်အောင် ပင်လယ် လိပ်များ ဖမ်းခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်သွားရန် ဒေသတွင်း၌လုပ်ဆောင်နေကြသည်။ ၂၀၁၃ ခုနှစ်ကလည်း ဖိလစ်ပိုင်တွင်လိပ်သားစားပြီး လေးဦးသေဆုံးခဲ့သည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
