ရန်ကုန်တိုင်းဒေသကြီးတွင် ပုဂ္ဂလိက ဆေးရုံ ၅၀ ကျော်ရှိသည့်အနက် COVID-19 လူနာများ လက်ခံကုသနိုင်ရန် အဆိုပြု လျှောက်ထားသည့် ဆေးရုံနှစ်ရုံကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ပုဂ္ဂလိကဆေးရုံများ၌ COVID-19 လူနာများ လက်ခံကုသနိုင်ရန် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဆေးရုံများကို အဆိုပြုလျှောက်ထားစေခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာနက ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားခဲ့သည်။
“ပုဂ္ဂလိကဆေးရုံတွေမှာလည်း COVID-19 လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသ ကြီးမှာရှိတဲ့ ဆေးရုံတွေကို အဆိုပြုလျှောက် ထားစေပြီး ဒါတွေကို ကွင်းဆင်းစစ်ဆေး Assessment Team အနေနဲ့ ဆောင်ရွက် မယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ ပြင်ဆင် ခဲ့တဲ့ အချက်တွေအတိုင်း လူနာတွေကို လက် ခံကုသနိုင်ဖို့အတွက် စစ်ဆေးဖို့၊ ပိုးတွေ့ တယ်ဆိုရင် ဆေးရုံတွေမှာပဲ ဆက်လက်ပြီး Clinical Assessment Team တွေ၊ လို အပ်မယ့် ကုသမှုတွေ၊ လိုအပ်တဲ့ ကာကွယ်မှု တွေ တကယ်လို့ Serious ဖြစ်လာမှသာ ကျွန် တော်တို့ ဆေးရုံတွေနဲ့ချိတ်ဆက်ပြီး လွှဲ ပြောင်းနိုင်ဖို့တွေကိုလည်း ဆောင်ရွက်နေ ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာ မိုးခိုင်က ပြောကြားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကဆေးရုံများ၌ COVID-19 ရောဂါစစ်ဆေးခြင်းနှင့် ကုသရေးလုပ် ငန်းများအတွက် ဆောင်ရွက်လိုသောဆေးရုံ များကို လျှောက်ထားခွင့်ပြုထားပြီး ကနဦး အနေဖြင့် ရန်ကုန်နှင့် မန္တလေးတိုင်းအတွင်းရှိ ပုဂ္ဂလိကဆေးရုံများကို စိစစ်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။
ဝန်ကြီးဌာနက ပြည်သူ့ဆေးရုံများ၏ COVID-19 နှင့် Non- COVID ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ များ၌ COVID-19ရောဂါကို COVID-19 Antigen (RDT) Test Kit ဖြင့် စစ်ဆေး ခြင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား ကုသမှု ပေးခြင်းတို့အတွက် ခွင့်ပြုချက်ကို လုပ်ငန်း ဆောင်ရွက်လိုသော ပုဂ္ဂလိကဆေးရုံများမှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ပုဂ္ဂလိ က ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီသို့ လျှောက်ထားနိုင်ကြောင်းနှင့် ပထမအဆင့်အနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဆေးရုံများကို စိစစ်ခွင့်ပြုသွားမည် ဖြစ်သည်။
ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများကို ရောဂါရှိ မရှိ စစ်ဆေးခွင့် နှင့် ကုသခွင့်ပေးရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်ရာ မကြာမီ စတင်ကုသခွင့်ရမည် ဖြစ်သည်။
“လောလောဆယ် ဒီနေ့အထိတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ တက်ရောက်ကုသနေ တာက Non COVID လူနာတွေဖြစ်ပါတယ်။ COVID-19 ရောဂါကို ကုသခွင့်မပြုသေး ပါဘူး။ ဒါပေမဲ့ ဝန်ကြီးဌာနက ဆုံးဖြတ် လိုက်ပြီဖြစ်ပါတယ်။ မကြာမီအချိန်အတွင်း မှာ ပုဂ္ဂလိကဆေးရုံတွေမှာ COVID-19 လူ နာတွေကို ရောဂါရှိ မရှိ စစ်ဆေးခွင့်နဲ့ ကုသ ခွင့်တွေပေးဖို့အတွက် မူအရတော့ ခွင့်ပြုထား ပါပြီ။ အသေးစိတ်လုပ်ငန်းတွေကို ဆက် လက်ပြီးတော့ စီစဉ်ဆောင်ရွက်နေတာဖြစ် ပါတယ်” ဟု ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ က ပြောကြားသည်။
ပြည်သူ့ဆေးရုံများတွင် ပုံမှန်ကုသရေး လုပ်ငန်းများအပြင် COVID-19ကုသရေး နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန် သတ် မှတ်ဧရိယာများ ဖွဲ့စည်းဆောင်ရွက်နေ ကြောင်း ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။
“COVID ကုသရေးဌာနအနေနဲ့ ရန် ကုန်တိုင်းဒေသကြီးမှာ လုပ်ငန်းဆောင်ရွက် နေတာ COVID-19ကုသရေးဌာန (ဖောင် ကြီး) အပါအဝင် ၁၄ ခု ရှိပါတယ်။ ဒီ COVID ကုသရေးဌာန စင်တာတွေက ပြည်သူတွေရဲ့ လှူဒါန်းမှုနဲ့ အဆောက်အအုံပိုင်းတွေ ပစ္စည်း ကိရိယာပိုင်းတွေ ဖြည့်ဆည်းထားရှိပါတယ်။ ဒီစင်တာတွေမှာ ကုသရေးအပိုင်းကို ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန် ယူပြီး လိုအပ်တဲ့ ဆရာဝန်၊ သူနာပြု ကျွမ်း ကျင်ဝန်ထမ်းတွေ၊ အထွေထွေ လုပ်သားအား လုံးကို ဖြည့်ဆည်းပြီး တာဝန်ယူဆောင်ရွက် နေတာဖြစ်ပါတယ်။ နောက်မန္တလေးတိုင်း ဒေသကြီးမှာ COVID ကုသရေးဌာန မန္တ လာသီရိ ရှိပါတယ်။ ဒီလိုမျိုး COVID ကုသ ရေးဌာနဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဆိုတာက မန္တလေးမှာ တစ်ခု၊ ရန်ကုန်မှာ ၁၄ ခု Funciton တွေရှိတယ်ဆိုပေမဲ့ ပင်မ COVID-19 ကုသရေးနဲ့ ကျန်တာတွေအားလုံးအတွက် ပြည်သူ့ဆေးရုံတွေ ရှိနေတာဖြစ်ပါတယ်။ ဒီပြည်သူ့ဆေးရုံတွေမှအပ ကျန်တဲ့နေရာ တွေမှာ COVID ကုသရေးအတွက် အထူးပြု ပြီး လိုအပ်လာတဲ့ ကုသမှုတွေကို ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်” ဟု ဒေါက်တာမိုးခိုင်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
