၂၀၂၀ ပြည့်နှစ်တွင် ခုံသမာဓိကောင်စီသို့ ယခင်နှစ်ထက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပေါင်း နှစ်ဆတက်လာပြီး အများဆုံးအမှုမှာ အလုပ်ထုတ်ပယ်သည့်အမှုနှင့် လုပ်သားအင်အား လျှော့ချသည့် အမှုများ ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ခုံသမာဓိ ကောင်စီမှ အလုပ်သမားကိုယ်စားလှယ် ကိုရဲ ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းအဆင့်မှ ပြည်ထောင်စုအ ဆင့်ဖြစ်သည့် ခုံသမာဓိကောင်စီသို့တက်လာသည့် အငြင်းပွားမှုများတွင် အများဆုံးမှာ အလုပ်ထုတ်ပယ်သည့်အတွက် လာရောက် တိုင်ကြားသည့်အမှုများနှင့် လုပ်သားအင်အား လျှော့ချသည့် အမှုများဖြစ်ကြောင်း၊ အခြား အမှုများမှာ စက်ရုံပိတ်သိမ်းလိုက်သည့်အတွက် အလုပ်ထုတ်နစ်နာကြေး ရရှိရန် တိုင်ကြားသည့်အမှုများ ဖြစ်ကြောင်း ခုံသမာဓိ ကောင်စီမှ အလုပ်သမားကိုယ်စားလှယ် ကိုရဲက ပြောကြားသည်။
“ရန်ကုန်တိုင်းအဆင့်ကနေ ပြည်ထောင်စုအဆင့်ကို တက်လာတဲ့ အငြင်းပွားမှု တွေကျတော့ ဘယ်လိုအမှုတွေများလဲဆိုတော့ အဓိကက အလုပ်ထုတ်ပယ်လို့ လာတိုင်တဲ့ အမှုတွေ အများဆုံးပေါ့။ အခု ကျွန်တော်တို့ ကိုဗစ်ကာလမှာဆိုရင် ခုံကောင်စီအနေနဲ့ ရှင်း ပေးနေရတာ အများဆုံးအမှုတွေကတော့ လုပ်သားအင်အားလျှော့ချတဲ့ အမှုတွေပေါ့။ အဲဒီလိုအမှုတွေကတော့ အများဆုံးပေါ့။ အင်အားလျှော့ချတယ်။ ပြီးတော့ အလုပ်ထုတ်ပယ်တဲ့အမှုတွေ။ ပြီးရင် တခြားအမှုတွေက စက်ရုံပိတ်သိမ်းတယ်။ စက်ရုံပိတ်သိမ်းရင် အလုပ်ထုတ်နစ်နာကြေး ဘယ်လိုပေးရမလဲ ဆိုတာ ကျွန်တော်တို့မှာ ဥပဒေရှိတယ်။ အဲဒီတော့ စက်ရုံပိတ်သိမ်းတဲ့ နစ်နာကြေးအမှုတွေ ကတော့ အနည်းအကျဉ်းရှိတယ်။ ပိတ်သိမ်း တဲ့အခါကျတော့ စက်ရုံက လျော်တာတစ်မျိုး၊ ဥပဒေအတိုင်း ပြဋ္ဌာန်းထားတာကတစ်မျိုးပေါ့။ အဲဒီလိုမျိုး အငြင်းပွားမှုတွေရှိတယ်။ ပြီးရင် ရက်မှန်ကြေး မရတာတို့က အနည်းကျဉ်း လောက်ပဲရှိတယ်။ အများဆုံးကတော့ အလုပ် ထုတ်ပယ်တဲ့အမှု။ ဒီကိုဗစ်ကာလမှာဆိုရင် အလုပ်ထုတ်ပယ်တာနဲ့ လုပ်သားအင်အား လျှော့ချတဲ့အမှုတွေက အများဆုံးပါပဲ”ဟု အလုပ်သမားကိုယ်စားလှယ် ကိုရဲက ပြောကြားသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ရောဂါကာလဖြစ်သည့်အတွက် ခုံသ မာဓိ ကောင်စီသို့ တက်လာသည့်အမှုများမှာ ယခင်နှစ်ထက် နှစ်ဆပိုများကြောင်း ကိုရဲက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ အခု ၂၀၂၀ ပြည့်နှစ် တစ်လပိုင်းကနေစလို့ ကိုဗစ်မှာတော့ အမှုတွေ အများကြီးပိုပြီးတော့ တက်လာတာပေါ့။ ပုံမှန်အားဖြင့်တော့ ခုံသမာဓိကောင်စီအနေနဲ့ တစ်နှစ်ပတ်လုံး အမှု ၈၀ နဲ့ ၁၀၀ လောက် ဖြေရှင်းရတာရှိတယ်။ ဒါပေမဲ့ ဒီနှစ်၂၀၂၀ မှာ တော့ အခုလက်ရှိအခြေအနေအထိ အမှု ၁၈၀ ကျော်သွားပြီ။ နှစ်ဆတက်လာတာပေါ့ နော်။ အရင်နှစ်တွေထက်စာရင် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေက နှစ်ဆတက် လာတဲ့သဘောရှိနေတာပေါ့” ဟု ၎င်းက ဆိုသည်။
ခုံသမာဓိကောင်စီ ရောက်ရှိသည့် အမှု များနှင့်ပတ်သက်၍ အချို့သောအမှုများတွင် ဘက်လိုက်မှုများရှိသည်ဟုဆိုကာ အလုပ်သမားများက ဆန္ဒပြတောင်းဆိုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်က ခုံသမာဓိအဖွဲ့တွင် အနိုင်ရရှိပြီး ခုံသမာဓိကောင်စီတွင် ရှုံးနိမ့်ခဲ့ သည့် အမှုများနှင့်ပတ်သက်၍ ခုံသမာဓိ ကောင်စီအလိုမရှိ၊ ခုံကောင်စီပုဂ္ဂိုလ်များ နုတ် ထွက်ပေးရေး စသည့်အချက်များဖြင့် အလုပ် သမားများက ဗိုလ်တထောင်မြို့နယ်၊ သန် လျက်စွန်းလမ်းရှိ ခုံသမာဓိကောင်စီရုံးရှေ့ တွင် ဆန္ဒထုတ်ဖော်ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်သ မားများသည် ‘ခုံသမာဓိကောင်စီ အလိုမရှိ၊ ခုံကောင်စီပုဂ္ဂိုလ်များ နုတ်ထွက်ပေးရေး၊ ခုံကောင်စီဆုံးဖြတ်ချက်များ ပြန်လည်သုံး သပ်ပေးရေး’ စသည့်အချက်များ ရေးထား သည့် ကပ်ထူစက္ကူများ ကိုင်ဆောင်ပြီး ‘ခုံသမာဓိကောင်စီ အလိုမရှိ’စာသားပါအကျႌများ ဝတ်ဆင်၍ အင်အား ၂၀ ခန့်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
