Top News

လက်ရှိ COVID-19ကူးစက်မှု အနေအထားမှာ တန်းပြီးတင်းခံနေသည့် အနေအထားဖြစ်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ လူအများစုဝေးသည့်နေရာများတွင် ကူးစက်မှု များနေခြင်းကြောင့်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | December 4, 2024 3:12 AM CST

လက်ရှိ COVID-19 ကူးစက်မှုအနေ အထားမှာ တန်းပြီး တင်းခံနေသည့် အနေအထားဖြစ်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ လူအများ စုဝေးသည့်နေရာများတွင် ကူးစက်မှုများ နေခြင်းကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ရောဂါ ကူးစက်မှုအနေအထားက တန်းနေတယ်။ တင်းခံနေတဲ့အနေအထား။ အောက်ကို ဒီ ထက်မကျနိုင်တဲ့အနေအထားကို ပြန်ကြည့် တဲ့အခါ လူစုတဲ့နေရာတွေက ကူးစက်မှုကို အခြေခံတယ်ဆိုတာကို တွေ့ရတယ်။ စျေး တွေမှာ တွေ့တယ်။ ဘိုးဘွားရိပ်သာလို အချို့ စက်ရုံအလုပ်ရုံတို့၊ အချို့ဘာသာရေး၊ သာ သနာရေးနဲ့ ပတ်သက်တဲ့နေရာတို့၊ အချို့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူစုစုဖြစ် သွားတဲ့ နေရာတွေမှာ ကူးစက်မှုများတာ တွေ့ရပါတယ်”  ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စျေး၊ ကား ဂိတ်၊ ရေဆိပ်နှင့်လေဆိပ်တို့တွင် COVID -19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး ပညာပေး လူထုလှုပ်ရှားမှုအစီအစဉ်အဖြစ် Mask အခုရေ တစ်သန်း၊ Face Shield အခု ရေ တစ်သိန်း ဝေငှခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

“စျေးဆိုတာတော့ လူတိုင်းမဖြစ်မနေ သွားရောက်ရတဲ့နေရာဖြစ်တယ်။ စျေးရောင်း တဲ့သူကလည်း ကိုယ့်ရဲ့ စားဝတ်နေရေးအရ စျေးရောင်းမှသာ အသက်မွေးဝမ်းကျောင်း အဆင်ပြေမှာဖြစ်သလို စျေးဝယ်တဲ့သူက လည်း ဘယ်လောက်ပဲ အိမ်ထဲမှာနေနေ အချိန်တစ်ခုကျလာရင် သူစျေးထွက်ဝယ်ရ မယ့် ကာလတစ်ခုကို ရောက်လာမယ်။ အခု ဆိုရင် ရောဂါဖြစ်ပွားတဲ့ကာလကလည်း ၁၀ လ ၁၁ လ ထဲရောက်လာပြီ။ ကူးစက်ပုံကို လည်း တော်တော်သိပြီ။ အဓိကကျတဲ့ ကာ ကွယ်ရေးနည်းလမ်းကတော့ မဖြစ်မနေ ကိုယ်ကစျေးသွားရောင်းရမယ်ဆိုရင် အိမ်က ထွက်တာနဲ့ မဖြစ်မနေ  Mask ကို တပ်ရပါ မယ်။ ပြီးရင် အခြားလူတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုရတဲ့နေရာမျိုးမှာ Face Shield ပါ တပ်ထားဖို့ လိုပါတယ်”  ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

ပညာပေးလုပ်ငန်းများအဖြစ် စျေး သည်များကို ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက် နှာအကာများ ဝေငှပညာပေးခြင်း၊ စျေးဝယ် သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများလိုက် နာရမည့် COVID-19 ရောဂါကာကွယ် ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်စပီကာများဖြင့် ကြော်ငြာအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

COVID-19သံသယနှင့်စောင့်ကြည့် လူနာများ Rapid Test Kit ဖြင့် စစ်ဆေးရမည့် သတ်မှတ်ရက်မတိုင်မီ ရောဂါသံသယလက္ခဏာများပေါ်လာပါက Rapid Test Kit ဖြင့် ချက်ချင်းစစ်ဆေးရန် ပြည်သူ့ကျန်း မာရေးဌာန ညွှန်ကြားထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က တိုင်းဒေသကြီး/ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင် မပါဝင်သော မြို့နယ်အားလုံးတွင်  COVID-19 ဓာတ်ခွဲစစ် ဆေးခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ နေ အိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် မပါဝင် သော မြို့နယ်အားလုံး၌ COVID-19 ရော ဂါဓာတ်ခွဲစစ်ဆေးခြင်းနှင့်ပတ်သက်၍ ဓာတ် ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ ဆက်စပ်ခဲ့သူများအား သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ်ထားရှိ ခြင်း ဆောင်ရွက်ရာ၌ ဓာတ်ခွဲအတည်ပြုလူ နာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက် မှ သုံးရက်မြောက်နေ့တွင် ပထမအကြိမ် ဓာတ်ခွဲနမူနာယူ၍ COVID-19 Antigen Test (Rapid test Kit)  ဖြင့် ဓာတ်ခွဲစစ်ဆေး ရန်၊ ပထမအကြိမ်စစ်ဆေးခြင်းသည် Negative ဖြစ်ပါက ဓာတ်ခွဲအတည်ပြုလူနာ နှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ ၁၁ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူပြီး RT-PCR နည်း ပညာဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ဓာတ်ခွဲစစ် ဆေးခြင်း နှစ်ကြိမ်စလုံးတွင် Negative ဖြစ် သော်လည်း သံသယရောဂါလက္ခဏာများ စတင်တွေ့ရှိပါက ကုသခြင်းလုပ်ငန်းအား ချက်ချင်းဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစိတ်ချ စေရန်အတွက် အနီးကပ်ထိတွေ့ဆက်စပ် ခဲ့သူဟု စတင်သတ်မှတ်သည့်ရက်မှ ၁၄ ရက် တိတိ မဖြစ်မနေ သတ်မှတ်ထားသောနေရာ တွင် အသွားအလာကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထား သည်။

 


READ NEXT
Cancel OK