မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း ၂၀၂၀ အရ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် အကောင်းဆုံး စီးပွားရေးဝန်းကျင်များ ဖြစ်ကြောင်း ဖော်ပြထားသည်။
အာရှဖောင်ဒေးရှင်းက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း ၂၀၂၀ (MBEI 2020) အစီရင်ခံစာကို ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း ၂၀၂၀ သည် DaNa Facility မှတစ်ဆင့် UK Aid ၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာဖြစ်သည်။ ညွှန်းကိန်းသည် မူဝါဒချမှတ်သူများကို စီးပွားရေးလုပ်ငန်းများဆိုင်ရာ အဆုံးအဖြတ်များ ချမှတ်ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်နှင့် ပတ်သက်သည့်အရေးကြီးသော သတင်းအချက်အလက်များကို ပေးသည်။ ၎င်းကို အညွှန်းကိန်းခွဲ ၁၀ ခုဖြင့် ဖွဲ့စည်းထားသည်။ အညွှန်းကိန်းခွဲ တစ်ခုချင်းစီကို စီးပွားရေးဝန်းကျင်၏ တိကျသောရှုထောင့်မှ တိုင်းတာထားပြီး ကနဦး ကုန်ကျစရိတ်၊ မြေယာအသုံးပြုခွင့်၊ အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် ကျွမ်းကျင်လုပ်သားများ ခန့်ထားနိုင်မှု စသည်အားဖြင့် ပါဝင်သည်။ အညွန်းကိန်းခွဲ တစ်ခုချင်းစီတွင် စာရင်းအင်းဆိုင်ရာ တိကျခိုင်မာသည့် ညွှန်းကိန်းများစွာပါဝင်ပြီး စုစုပေါင်းညွှန်းကိန်း ၁၅၃ ခုရှိသည်။ မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်းမှ ညွှန်းကိန်းတိုင်းသည် ပြဿနာတစ်ခုချင်းစီကို ခြေရာခံနိုင်သည်။ ဥပမာအားဖြင့် MBEI ဒေတာသည် တရားဝင်မှတ်ပုံတင်ခြင်းတွင် အခက်အခဲများရှိခဲ့ခြင်းမှအစ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မည်မျှအထိရှိသည်အထိ မေးခွန်းများ၏အဖြေကို ပေးနိုင်ကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း ၂၀၂၀ မှ လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာနိုင်ငံ၏ ဒေသန္တရ အုပ်ချုပ်မှုစီမံမှုသည် ၂၀၁၈ ခုနှစ်တွင် MBEI ၏ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူချိန်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုများ ရှိခဲ့သည်။
အချို့သော စီးပွားရေးပတ်ဝန်းကျင်ဆိုင်ရာ အခင်းအကျင်းများသည် ယခင်ထက် ပိုမိုတိုးတက်လာသည်ကို တွေ့မြင်ရပြီး ရလဒ်အားဖြင့် အညွှန်းကိန်းခွဲ ၁၀ ခုအနက် ခုနစ်ခုသည် တိုးတက်မှုကိုပြသနိုင်ကာ တစ်ခု (တရားဥပဒေစိုးမိုးမှုကို တိုင်းးတာသည့်အညွှန်းကိန်းခွဲ) သည် ယခင်ထက် ကျဆင်းသွားကြောင်း တွေ့ရသည်။ မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်း ၂၀၂၀ မှ အကြံပြုချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် အကောင်းဆုံးစီးပွားရေးဝန်းကျင်များ ဖြစ်ကြသည်။
မြန်မာ့စီးပွားရေးဝန်းကျင် ညွှန်းကိန်း ၂၀၂၀ သည် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား စီးပွားရေးဝန်းကျင်အနေအထားကို နှိုင်းယှဉ်နိုင်ရုံသာမက ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းအတွင်းရှိ အကြောင်းကိစ္စများကိုလည်း အသေးစိတ်သိမြင်နိုင်အောင် အချက်အလက်များ ပံ့ပိုးပေးထားသည်။
ညွှန်းကိန်းများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီ၏ အားသာချက်များနှင့် အားနည်းချက်များကို ဖော်ထုတ်ပေးခြင်းအားဖြင့် အစိုးရပိုင်းဆုံးဖြတ်ချက် ချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် စီးပွားရေးလုပ်ငန်းများ စတင်ရန်နှင့် ကြီးထွားလာစေရန်အတွက် ရေခံမြေခံကောင်းများ ဖန်တီးရာတွင် ဖြစ်ပေါ်တိုးတက်မှုကို ခြေရာခံခွင့်ပြုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
