မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်မှ သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ တရားမဝင် ကမ်းကူးထားသည့်မော်တော်ယာဉ် ၆၈ စီးကို မြဝတီခရိုင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ကရင်ပြည်နယ် မြဝတီ နယ်စပ်မြို့ရှိ ကားသိုလှောင်ရောင်းချသော နယ်စပ်ဂိတ်များအား မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး ပြည့်စုံနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီးသန်းဝင်းနိုင်၊အမှတ် ၃၁၀ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးဦးဆောင်သည့် တပ်မတော်သားများ၊ သက်သေဆယ်အိမ်မှူး ရာအိမ်မှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြဝတီမြို့အမှတ် ၅ ရပ်ကွက် မြတ်လင်း အေးမြိုင်လမ်းရှိ ခြံပိုင်ရှင်ဦးသန်းဝင်း၏ခြံအတွင်း ကောက်ခွန်မဲ့မော်တော်ယာဉ်များ တရားမဝင် ထားရှိသိုလှောင်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ Hi Jet အဖြူရောင် ၁၉ စီး၊အခြားအမျိုးအစားကား လေးစီး၊ စုစုပေါင်း ၂၃ စီးတွေ့ရှိရသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဆက်လက်၍မြတ်လင်းအေးမြိုင် လမ်းရှိဦးရခိုင်(ခ) ဦးသောင်းတင်ခြံအားဝင် ရောက်စစ်ဆေးရာ၊ Hijet အဖြူရောင် ကိုးစီး နှင့် Wish ၊ Crown အပါအဝင် အခြားအမျိုး အစားကား ငါးစီး၊ စုစုပေါင်း ၁၄ စီးအား တွေ့ ရှိသိမ်းဆည်းခဲ့သည်။ ထို့ပြင် ပူးပေါင်းအဖွဲ့ သည်အမှတ် ၅ ရပ်ကွက်မင်းပြည့်စုံကုမ္ပဏီဝင်းအတွင်းရှိဂိုထောင်အား ဝင်ရောက်စစ် ဆေးရာ Blugar အမျိုးအစားမော်တော်ယာဉ် ၂ စီးနှင့်အခြားအမျိုးအစားကား ၂၉ စီး၊ စုစု ပေါင်း ၃၁ စီးတို့ကို သက်ဆိုင်ရာက သိမ်း ဆည်းခဲ့ကြောင်း သိရသည်။
ထို့အတူ သောင်ရင်းမြစ်အားဖြတ်ကျော် သွားလာရန် ဆိုက်ကပ်ထားသော စက်လှေ တစ်စင်းကိုလည်း သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့က ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရ သည်။
ပြည်တွင်းစျေးကွက်သို့ ရောင်းချရန် သိုလှောင်ထားသော လိုင်စင်မဲ့မော်တော် ယာဉ် ၆၈ စီးနှင့်ပတ်သက်၍ အဆင့်ဆင့်စစ် ဆေးမှုများပြုလုပ်ပြီးဥပဒေနှင့်အညီ အရေးယူ ဆောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
