Top News

ကျောက်ဆည်မြို့နယ် သံရွာ အဝင်ရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ လက်ပံပင်ကြီးအား ထိန်းသိမ်းရန် သစ်တော ဦးစီးဌာနက တိုင်းတာမှုများ ပြုလုပ်
24htopnews | December 4, 2024 3:12 AM CST

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာအဝင်တွင် တည်ရှိသည့် လက်ပံပင်ကြီးအား ထိန်းသိမ်းရန် သစ်တောဦးစီး ဌာနမှ တိုင်းတာမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ လက်ပံပင်ကြီးမှာ သက်တမ်းအားဖြင့် ခန့်မှန်း နှစ် ၁၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် လုံးပတ်အကြီးဆုံး ဖြစ်လာနိုင်သည့် လက်ပံပင်ကြီးဖြစ်လာနိုင်ကြောင်း၊ လက်ရှိတွင် လုံးပတ် အမှန်သိရှိနိုင်ရေးအတွက် သစ်တောဦးစီးဌာနမှ တိုင်းတာစစ်ဆေးမှုများကို ဆောင်ရွက်နေကြောင်း ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးခိုင်ညွန့်က ပြောကြားသည်။

“ဒီအပင်က သစ်တောပညာအရ ပြောရရင် ပုံမှန်အတိုင်း ပေါက်လာတဲ့ ပင်စည်မျိုး မဟုတ်ဘူး။ လက်ပံပင်သဘောတရားရော ကျွန်တော်တို့ ဌာန အတွေ့အကြုံ အရ ဆိုရင် လက်ပံပင်က လုံးပတ် ၁၂ ပေလောက်အထိ ကြီးထွားနိုင်တယ်၊ဒါပေမယ့် အခုလက်ရှိအပင် ပါးပျဉ်း ပပေါင်းတွေ တစ်အားထွက်နေတာ ဖြစ်တယ်၊ပါးပျဉ်း ပပေါင်တွေက ဘယ်နေရာက စထွက်နေဆို ကိုင်းစထွက်ပြီးဆိုကတည်း က ပါးပျဉ်းတွေ ထွက်နေတာ၊ဆိုလို့တဲ့ သဘော က အပင်ကို အောက်ကနေ ဒေါက်ထောက် ထားတဲ့ သဘောဖြစ်နေတာပေါ့။ အဲအတိုင်း အတာနဲ့ ဒါကို အောက်ခြေက တိုင်းပြီး လုံးပတ် ဘယ်လောက်ရှိပါတယ် ဆိုတာ ကျွန်တော် တို့က ပြောမရဘူး။ ပါးပျဉ်းအလွတ်ကို လုံး ပတ် ခန့်မှန်း လုံးပတ်ဘယ်လောက်ရှိမလဲ ဆို တာ သေချာ စနစ်တကျ ကျွန်တော်တို့က တိုင်း တာစိစစ်ပြီးမှ ပြောလို့ရမှာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ နှစ်သက်တမ်း ၁၀၀ ကျော်ရှိ သည့် လက်ပံပင်ကြီး၏ လုံးပတ် အမှန်သိရှိနိုင် ရေး စစ်ဆေးတိုင်တာမှုများ လုပ်ဆောင်မှုကို ယခု အပတ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်း ထားပြီး စစ်ဆေးတိုင်တာ ပြီးစီးပါက သက်ဆိုင် ရာ ဌာနအဆင့်ဆင့် တင်ပြသွားပြီး ထိန်း သိမ်းစောင့်ရှောက်မှု များ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနက လက်ထောက်ညွှန်ကြား ရေးမှူး ဦးခိုင်ညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ ဒါကို သေချာတိုင်းပြီး သက်ဆိုင်ရာဌာန အဆင့်ဆင့်ကနေ တိုင်း ဒေသကြီး အဆင့်ထိ တင်ပြပြီး ဒီအပင်ကို ဘယ်လိုထိန်းသိမ်းရမည့် အဆင့်မှာ သွင်းမလဲ ဆိုတာ စိစစ်ဆုံးဖြတ် ဆောင်ရွက်သွားမှာပါ၊ တိုင်းတာကလည်း နောက်လေးရက်လောက် ဆိုပြီးပါမယ်၊ ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် သစ်တောဦးစီးဌာန က သက်ဆိုင်ရာ အထက်ထက်အဆင့်ဆင့်ကို တင်ပြပြီး ဆက် လက်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် စီစဉ် ထားပါတယ်။ ဒီအပင် က ရပ်ရွာထဲ မှာ ပေါက် နေတဲ့ အပင် ဖြစ်တဲ့ အတွက် သစ်တောဥပဒေ အကြောင်းအရ ဆိုပေမဲ့ သက်ဆိုင်ရာအာဏာ ပိုင် အဖွဲ့အစည်းက အတည်ပြုမှ ဥပဒေ သက် ရောက်မှာပါ။ ပါးပျဉ်းပပေါင် များပြားတဲ့ ဖြစ် တဲ့အတွက် ခန့်မှန်းလုံးပတ်အမှန်ကို ရရှိဖို့ အ တွက် သစ်တောဦးစီးဌာနမှ စိစစ်တိုင်းတာ နေပါတယ် ” ဟု ၎င်းကပြောကြားသည်။

ကျောက်ဆည်မြို့နယ် သစ်တောဦးစီး ဌာနက ဦးစီးအရာရှိ ဦးညီညီဖြိုး က “ကျွန် တော်တို့ လုံးပတ် သေချာတိုင်ရဦးမှာပါ။ သစ်တောပညာအရ ဒီအပင်ကြီးက ပုံမှန်ထက် ကို ပါပျဉ်းက အရမ်းကြီးကြီးလွန်နေတာ သူရဲ့ ပုံမှန်ရှိရမည့် လုံးပတ်ကို သေချာတိုင်းပြီးမှ ပြောလို့ရမယ်။ ဒီနေ့ အကြမ်းတိုင်းပြီးပေမဲ့ တွက်ချက်စရာတွေ ရှိသေးတယ်။ နောက်ပြီး ကျွန်တော်တို့က ပါပျဉ်းအထက်က တိုင်းရမှာ ဆိုတော့ ကျွန်တော် တို့ ငြမ်းစင်ပြီး အသေးစိတ် တိုင်းမှာဆိုတော့ နောက် လေးရက်လောက် နေမှ ပြီးမယ်သက်တမ်းအနေနဲ့ ရပ်မိရပ်ဖ မေးကြည့်ပြီး တစ်ယောက် နှစ်ယောက်နဲ့ အ တည်ပြုလို့မရသေးဘူး။ကျွန်တော်တို့ အသက် ၉ဝကျော် ဒေသခံ ငါးယောက်လောက်ကို သေချာမေးဖို့ရှိတယ်။ ဒါတောင် ခန့်မှန်းသက်တမ်းကို ကျွန်တော်တို့ ပြောလို့ရမှာလေ။ ကျွန်တော်တို့ နောက်မှ အသေးစိတ် ပြန်ပြောပေး ပါမယ်။ ဒီနေ့ တိုင်းနေပါတယ်။ နောက်နေ့ တွေလည်းဆက်တိုင်းရဦးမှာပါ။နောက်လေး ရက်လောက်မှ အသေးစိတ် ပြောပြပေးမယ်။ လုံးပတ် အခြေအနေကြီးပြီး အမှန်တကယ် တိုင်းပြီး အကြီးဆုံး ဟုတ် မဟုတ်ဆိုတာ ပြော လို့ရပါမယ်။အမှန်လုံးပတ် သိမှ ပြောလို့ရမှာ ပါ။အပင်ကြီးမှာက ပါးပျဉ်းထွက်နေတာများ တယ်။ အဲဒါကို အမှန်တိုင်းလို့ မရပါဘူး။ သူရဲ့ အမှန်လုံးပတ် သိမှ ဘယ်နှပေလုံးပတ် ဘယ် လောက်ဆို သိမှ တခြား မှတ်တမ်းတင်ထားတဲ့ အပင်တွေနဲ့ နှိုင်းယှဉ်နိုင်မှာပါ” ဟု ပြောကြားသည်။       

 

 


READ NEXT
Cancel OK