Top News

သင်ရိုးသစ်တွင် KG +G12 တက္ကသိုလ်ဝင်တန်း ကာယဆရာ၊ ဆရာမ လုံလောက်စွာရရှိစေရန်အတွက် (BSc Sports)ဘွဲ့ရသူများအား ခန့်အပ်နိုင်ရန် ညှိနှိုင်းနေရာ နှစ်စဉ် ဘွဲ့ရသူ ၁၀၀ ခန့်သာရှိ၍ လုံလောက်မှုမရှိသေး
24htopnews | December 4, 2024 3:12 AM CST

သင်ရိုးသစ်တွင် KG +G12 တက္က သိုလ်ဝင်တန်း ကာယဆရာ၊ ဆရာမ လုံလောက်စွာ ရရှိစေရန်အတွက် (BSC Sports) ဘွဲ့ရသူများအား ခန့်အပ်နိုင်ရန် ညှိ နှိုင်းနေရာ နှစ်စဉ် ဘွဲ့ရသူ ၁၀၀ ခန့်သာရှိ၍ လုံလောက်မှုမရှိသေးကြောင်း ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အားက စားနှင့်ပညာရေးထိရောက်စွာပေါင်းစပ်ရေး ၊အားကစားနှင့် ပညာရေးပေါင်းစပ်မှုဦးစီး ကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ တွင် အခြေခံပညာကျောင်းများတွင် ကာယပညာသည် အလွန်အရေးကြီးကြောင်း၊ ယခင် သင်ရိုးဟောင်းတွင် ကာယပညာဘာ သာရပ်သည် တွဲဖက်သင်ရိုးသာရှိခဲ့ပြီး သီးသန့် သင်ရိုးညွှန်းတမ်း စာအုပ်မရှိခဲ့ကြောင်း၊ ကာယပညာသင်ကြားရန် ကာယဆရာ လုံလုံလောက်လောက် မရှိခဲ့သလို လေ့ကျင့် ရေး အားကစားပစ္စည်းများလည်း လုံလုံ လောက်လောက် မထောက်ပံ့နိုင်ခဲ့ကြောင်း၊ ယခု သင်ရိုးသစ်တွင် KG +G12 အထိ ကာယဘာသာရပ်ကို မသင်မနေရ ဘာသာရပ် အဖြစ် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရေး ဆွဲခဲ့ကြောင်း၊ သင်ရိုးသစ်တွင် KG +G12 တက္ကသိုလ်ဝင်တန်း ကာယဆရာ/ဆရာမ လုံလောက်စွာ ရရှိစေရန်အတွက်  (BSC Sports) ဘွဲ့ရသူများအား ခန့်အပ်ထားနိုင် ရေး ညှိနှိုင်းဆောင်ရွက်ရာတွင် နှစ်စဉ် ဘွဲ့ရ သူဦးရေမှာ ၁၀၀ ခန့်သာရှိ၍ လုံလောက်မှု မရှိသေးကြောင်းနှင့် ကျန်တက္ကသိုလ်များ၌  BSc Sports ဘွဲ့ရသင်တန်းများ သင်ကြားနိုင် ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြော ကြားသည်။

ထို့ပြင် အားကစားသမားတစ်ယောက်သည် အားကစားကို ၀ါသနာပါပြီး တက္ကသိုလ်တက်ရောက်နိုင်ရန် အသက်မွေးဝမ်းကြောင်း ပညာသင်ယူနိုင်ရန် ဘဝအာမခံချက်ရှိရန် လိုအပ်ကြောင်း၊ သို့မှသာ အားကစားကို နှစ်သက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အားကစားသိပ္ပံကျောင်းများတွင် ပညာသင်ယူပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူခွင့်ရရှိရေး အခွင့်အလမ်းများကို ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်အတွက် မူဝါဒကို တိတိ ကျကျချမှတ်ပေးရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌လည်း အားကစားကွင်း အားကစားရုံများကို ဝန်ကြီးဌာနမှ တိုးချဲ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာနမှလည်း အခြေခံပညာကျောင်းများတွင် အားကစားလေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်နေသဖြင့် အထူးကျေး ဇူးတင်ရှိကြောင်းနှင့် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း အခြေခံပညာကျောင်းများ တွင် ခြင်းလုံး၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ဘော်ဘီဘော၊ ခုန်ကြိုး စသည့်အားကစား ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း စသည် တို့ကို ပြောကြားသည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အားကစားနှင့် ပညာရေးပေါင်းစပ်၍ ပူးပေါင်းညှိ နှိုင်း လုပ်ဆောင်ရန်အတွက် ကော်မတီတစ် ရပ်ကို ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော်လည်း လုပ်ငန်းများ နှောင်းနှေးနေခဲ့သည့်အတွက် အရှိန်အဟုန်ဖြင့် အားဖြည့်ဆောင်ရွက်ရန် အတွက် ယခုကော်မတီကို ဖွဲ့စည်းခြင်းဖြစ် ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသည် လက်ရှိတွင် COVID-19 ရော ဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်နေသကဲ့သို့ အခြားသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် အားကစားကဏ္ဍကိုလည်း လျစ်လျူရှု၍ မရ ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြု လုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်း စေကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို မြင့် တက်စေနိုင်သဖြင့် ရောဂါများကို ခုခံနိုင်စွမ်း များ မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း၊ ယခု ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုကာ အောင်မြင်မှုအတိုင်းအတာ တစ်ခုအထိ ရရှိ နေသော COVID-19 ကာကွယ်ဆေးများ ကို ထိုးနှံပြီးပါက ရောဂါကိုခုခံနိုင်မှုအချိန် ကာလ အတိုင်းအတာ မည်မျှတာရှည်ခံမည် ကိုမသိရှိရသေးကြောင်း ၊ သို့ဖြစ်၍ COVID-19 ကာကွယ်ရေးစည်းကမ်းများကို ဆက် လက်လိုက်နာခြင်း၊ ရောဂါကို ခုခံနိုင်မှု ကိုယ် ခံအား မြင့်မားစေရန်အတွက် မိမိနှင့်သင့် တော်ရာ ကိုယ်လက်လှုပ်ရှားအားကစား ပြု လုပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် ရေရှည် များစွာအကျိုးရှိမည်ဖြစ်ကြောင်း စသည် တို့ကို ပြောကြားသည်။         


READ NEXT
Cancel OK