Top News

ကိုရီးယားနိုင်ငံတွင် Re-entry လုပ်သားအဖြစ် ပြန်လည်ထွက်ခွာမည့် လုပ်သား ၁၃၀၀ ကျန်ရှိနေသဖြင့် အမြန်ဆုံးခေါ်ယူနိုင်ရေး ဆွေးနွေး
24htopnews | December 4, 2024 3:12 AM CST

ကိုရီးယားနိုင်ငံတွင် Re-entry လုပ်သားအဖြစ် ပြန်လည်ထွက်ခွာမည့် လုပ်သား ၁၃၀၀ ကျန်ရှိနေသဖြင့် အမြန်ဆုံး ခေါ်ယူနိုင် ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ ဆွေးနွေးရာတွင် အလုပ်သမား စေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းတိုးမြှင့် လက်မှတ်ရေးထိုးနိုင်ရေး ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင် နှင့် အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာ သည့် MOU(မူကြမ်း) နှင့် စပ်လျဉ်း၍ မြန်မာဘက်မှ ပြင်ဆင်ဖြည့်စွက် လိုသည့်အချက်များကို ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင် နှင့် အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့ထားမှု အပေါ် အမြန်ဆုံး အကြောင်းပြန်ကြားပေးရေး ကိစ္စရပ်များ၊ နှစ်ဖက်ညှိနှိုင်းအတည်ပြုချက် ရရှိပါက သက်ဆိုင်ရာဌာန၊ ကော်မတီများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့် ခွင့်ပြုချက်များရရှိရေး ဆက် လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ နှင့် ပတ်သက်၍လည်းကောင်း၊ COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှ အလုပ်သမားများစေလွှတ်မှု အခြေအနေ များနှင့် ပတ်သက်၍  နားလည်မှု စာချွန်လွှာအ ရ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်ခြင်း ကို ၂၀၁၁ ခုနှစ်တွင်စတင်ခဲ့ရာ ယနေ့အထိ စုစုပေါင်းလုပ်သား ၄၁၅၃၈ ဦးစေလွှတ်ခဲ့ပြီး ယခုအခါ ကမ္ဘာနှင့်အဝှမ်း COVID-19 ကူး စက်ရောဂါ ဖြစ်ပွားနေသဖြင့် လုပ်သားစေ လွှတ်ခြင်းလုပ်ငန်းစဉ်များကို မတ် ၁၈ ရက်မှ စတင်၍ ခေတ္တရပ်ဆိုင်းထားခဲ့ပြီး စက်တင်ဘာ ၂ ရက်မှစ၍  Re-entry လုပ်သားများကို ကျန်းမာရေးဆိုင်ရာ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ပြန်လည်စေလွှတ်ခဲ့ရာ နိုဝင်ဘာ ၂၅ ရက်အထိ Re-entry လုပ်သား ၁၉၅ ဦးကို စေလွှတ်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် Re-entry လုပ်သားလက်ခံမှုကို ကိုရီးယားနိုင်ငံဘက်မှ ယာယီရပ်ဆိုင်းခဲ့သ ဖြင့် ထွက်ခွာရန် စောင့်ဆိုင်းနေသည့် Re-entry လုပ်သား အများအပြားကျန်ရှိနေပြီး အဆိုပါလုပ်သားများအား အမြန်ဆုံးပြန် လည် လက်ခံနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း နိုဝင်ဘာ ၃၀ ရက်အထိ EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး တန်းစီဇယားတွင် ကျန်ရှိနေသူ ၄၁၄၃ ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံတွင် ၄ နှစ် ၁၀ လ လုပ် ကိုင်ခဲ့ပြီး  Re-entry လုပ်သားအဖြစ် ပြန်လည် ထွက်ခွာမည့် လုပ်သား ၁၁၃၀ တို့ ကျန်ရှိနေ သဖြင့် အဆိုပါအလုပ်သမားများ အမြန်ဆုံး ခေါ်ယူပေးနိုင်ရေးနှင့် ပတ်သက်၍လည်း ကောင်း ဆွေးနွေးခဲ့သည်။

ယင်းအပြင် ၁၂  ကြိမ်မြောက် အရည်အချင်းစစ် စာမေးပွဲအောင်မြင်ထားသူများ အနက် အလုပ်ခေါ်စာမရရှိသေး၍ တန်းစီဇယားတွင် ကျန်ရှိနေသူ ၃၄၈၁ ဦးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း တန်းစီဇယား သက်တမ်း နှစ်နှစ်ကုန်ဆုံးမည်ဖြစ်သည့်အ တွက် ၎င်းတို့၏ တန်းစီဇယားသက်တမ်းကို တစ်နှစ် ထပ်မံတိုးပေးနိုင်ရေးအခြေအနေ များ၊ COVID-19 ကာလအတွင်း အသွားအလာကန့်သတ်ချက်များကြောင့် ၁၄ ကြိမ် မြောက် EPS-TOPIK ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာ ထုတ်ပေး၊ လက်ခံခြင်းကို Mobile Application အသုံးပြု၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း ဆောင်ရွက်လိုကြောင်း HRD-Korea မှ နိုဝင်ဘာ ၁၇ ရက်တွင် အကြောင်း ကြားလာခြင်းနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိသည့်အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံမှ လုပ်သားသစ် များ စတင်စေလွှတ်ချိန်တွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးအ တွက် နှစ်နိုင်ငံ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင် ရွက်သွားနိုင်ရေးနှင့် COVID-19 ကပ်ရောဂါ ကာလအတွင်း အလုပ်သမားများ စေလွှတ်နိုင်ရေး အခြေအနေများနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ  သိရသည်။


READ NEXT
Cancel OK