ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါင်းတည်မြို့တွင် ရန်ကုန်မှ ဆေးကုသပြီး သက်သာမှုမရှိ၍ ပြန်လာစဉ် သေဆုံးခဲ့သူကို ဆေးစစ်ကြည့်ရာက COVID-19 ရောဂါပိုးတွေ့ရှိခဲဲ့ပြီး အတူပြန်လာသူ မိသားစုဝင် သုံးဦးတွင်လည်း ထပ်မံတွေ့ရှိခဲ့မှုကြောင့် ၎င်းတို့နေထိုင်ရာ လမ်းကို lockdown ချထားကြောင်း သိရသည်။
အဆိုပါ သေဆုံးခဲ့သူမှာ လည်ချောင်းကင်ဆာရောဂါဖြင့် ရန်ကုန်တွင် ဆေးကုသမှု ခံယူနေခဲ့ကာ သက်သာမှုမရှိ၍ ပေါင်းတည်မြို့သို့ ဒီဇင်ဘာ ၁၀ ရက်က ပြန်လာစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဆေးစစ်မှု ပြုလုပ်ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အတူပြန်လာခဲ့သူ မိသားစုဝင် သုံးဦးကို ဒီဇင်ဘာ ၁၁ ရက်က ထပ်မံဆေးစစ်ခဲ့ရာ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်သွား ဆေးကုနေသူက ပြန်လာတာ၊ ပြန်လာရင်း နာရေးဖြစ်တယ်ပေါ့၊ နောက်ထပ်အိမ်ကလူ သုံးယောက်ကို ဆေးစစ်တွေ့ရှိရတယ်၊ မနေ့က သဂြိုလ်တယ်ပေါ့ လူမှုရေးအသင်းအဖွဲ့တွေ ၀ိုင်းဝန်းပြီး ကူးစက်ခံရတဲ့ သုံးဦးကိုတော့ ပေါင်းတည်ဆေးရုံကြီး positive လူနာထားတဲ့ အဆောင်မှာထားတယ်။ ကူးစက်မှုနှုန်းက များလာတယ်လို့ ပြောရမယ်၊ တစ်ချို့လမ်းတွေဆို lockdown တောင်ချထားတယ်။ လူနာများလာတဲ့အပေါ် အခက်ခဲတွေကတော့ ဆရာဝန်တွေ အများကြီး တွေ့တာပေါ့၊ သူနာပြု အခက်ခဲတွေ ရှိတာပေါ့” ဟု ပေါင်းတည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ပြောကြားသည်။
သေဆုံးခဲ့သူအား ဒီဇင်ဘာလ ၁၁ ရက်နေ့က သဂြိုလ်ခဲ့ပြီး ညဦးပိုင်းမှစကာ ၎င်းတို့နေထိုင်ရာ အရှေ့လမ်း၊ လမ်းဖြတ်တစ်ခုကို lockdown ချထားခဲ့ကြောင်း မြို့ခံများထံက သိရသည်။
“ညကလမ်းကို lockdown ချလိုက်တယ်။ ကျွန်တော်ဆိုင်ကတော့ အစွန်ဆုံးမှာ ကျနေတာပေါ့။ ဖြစ်သွားကတော့ ဆိုင်မျက်စောင်းထိုးတင်ပဲ။ လမ်းကတော့ အရှေ့လမ်းလို့ခေါ်တယ်။ မနေ့က နာရေးချပြီး lockdown ချလိုက်တယ်။ positive တွေ့တဲ့သုံးယောက်ကတော့ လူနာကို ရန်ကုန်မှာ ပြုစုတဲ့သူတွေပေါ့။ သေတဲ့သူကလည်း positive တွေ့တယ်ပေါ့။ အခုရက်ထဲမှာတော့ ရောဂါပိုးတွေရှိတာက များလာတယ်ပေါ့။ လောလောဆယ်မှာတော့ ပေါင်းတည်ဆေးရုံမှာ positive လူနာပြည့်နေတယ်အတွက် ကြာနီကန်ဆေးရုံကို ရွာဘက်မှာရှိတဲ့ သူတွေကို ပို့ထားတယ်” ဟု lockdown ချခံထားရသည့်လမ်း စျေးဆိုင်မှ ကိုချစ်ကိုက ပြောကြားသည်။
ပေါင်းတည်ဆေးရုံတွင် positive လူနာ ၂၉ ဦးသာ ထားရှိနိုင်ပြီး လက်ရှိတွင် ပြည့်နေပြီဖြစ်၍ ကြာနီကန် တိုက်နယ်ဆေးရုံသို့ ၂ ဦးပို့ဆောင်ထားကာ positive လူနာထားရှိရန် နေရာများကို ထပ်မံစီစဉ်ထားရှိကြောင်း ပေါင်းတည်မြို့နယ်တွင် ယနေ့အချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၉၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
