မန်စီးတီးအသင်းပိုင်ရှင်များသည် ကမ္ဘာအနှံ့ သူတို့၏ပိုင်ဆိုင်မှုချဲ့ထွင်ရန်အတွက် အာဆီယံဒေသမှ မလေးရှားကလပ်အသင်းတစ်သင်းသင်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အဘူဒါဘီတော်ဝင်မိသားစုဝင် ရှိတ်မန်ဆော်၏ ငွေကြေးထောက်ပံမှုဖြင့် တည်ထောင်ထားသည့် City Football Group(CFG)၏ အမှုဆောင်ချုပ် ဆိုရီယာနိုနှင့် မလေးရှားအားကစားဝန်ကြီး ဆီယက်ဆာဒစ်တို့ ပြီးခဲ့သည့်ကြာသပတေးနေ့က တွေ့ဆုံပြီးနောက် ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားလာခဲ့သည်။
CFGသည် လက်ရှိတွင် မန်စီးတီးအသင်းအပြင် နယူးယောက်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ ယိုကိုဟားမားမာရီနို့စ်၊ အက်သလက်တီကိုတော်ကေး၊ ဟီရိုနာ၊ စီချွမ်ဂျီနူအသင်းများကို အလုံးစုံ(သို့မဟုတ်)ရှယ်ယာများကို ပိုင်ဆိုင်ထားလျက်ရှိသည်။
'' သူတို့ဟာ မလေးရှားကလပ်အသင်းတစ်သင်းသင်းကို ပူးတွဲပိုင်ဆိုင်ခွင့်ရဖို့ ရှာဖွေနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုဟာမျိုး လိုအပ်ပါတယ်'' ဟု မလေးရှားအမျိုးသားအားကစားကောင်စီ အထွေထွေဒါရိုက်တာ အာမက်ရှာပါဝီအစ္စမေးလ်က ပြောကြားခဲ့သည်။
သို့သော် အာမက်မှာ ပြီးခဲ့သည့်ကြာသပတေးနေ့တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့်ပတ်သက်ပြီး အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။
ဆာဒစ်က CFG ကို မလေးရှားကလပ်အသင်းများမှ ဥက္ကဋ္ဌအချို့နှင့်လည်း မကြာမီတွေ့ဆုံပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း AFP က ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
