Top News

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်ရန် FIFA မှ ပံ့ပိုးငွေရရှိပြီးနောက် သုဝဏ္ဏကွင်းမှ မီးလုံးများ အဆင့်မြှင့်တင်ရန်နှင့် လေ့ကျင့်ရေးကွင်းသစ်အတွက် ဘတ်ဂျက်တောင်းခံမည်
24htopnews | December 4, 2024 3:12 AM CST

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ရန်ကုန်မြို့$ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံတည်ဆောက်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ပံ့ပိုးငွေရရှိ ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းမှ မီးလုံးများ အဆင့်မြှင့်တင်ရန်နှင့် လေ့ကျင့်ရေးကွင်းသစ်တို့အတွက် ဘတ်ဂျက်များ ထပ်မံတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

MFF သည် FIFA Forward Program အစီအစဉ်ဖြင့် ဖူဆယ်အားကစားရုံတည် ဆောက်ရန် တင်ပြတောင်းခံရာ FIFA က ဒေါ်လာနှစ်သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ထို့ကြောင့် MFF သည် ဖူဆယ်အားကစားရုံသစ်တည်ဆောက်ခြင်းစီမံကိန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ် လယ်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်သည်။ 

MFF သည် FIFA Forward Program အတိုင်း သုဝဏ္ဏဘောလုံးကွင်းမှ မီးလုံးများ အဆင့်မြှင့်တင်ရန်နှင့် လေ့ကျင့်ရေးကွင်းသစ်တို့အတွက် လိုအပ်မည့်ကုန်ကျငွေ ဒေါ် လာနှစ်သိန်းခွဲကိုလည်း ဆက်လက်တောင်းခံသွားမည်ဖြစ်သည်။ 

သုဝဏ္ဏဘောလုံးကွင်းရှိ မီးမောင်းများ၏ မီးလုံးများကို Flood Light ပြုလုပ်မည်ဖြစ်ပြီး MFF အနေဖြင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရပါက ပြင်ဆင်ထားပြီးဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ 

ထို့ပြင် MFF သည် သုဝဏ္ဏဘောလုံးကွင်းဧရိယာအတွင်း၌ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်မည်ဖြစ်ပြီး ကွင်းတည်ဆောက်ရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။ 

''လက်ရွေးစင်အသင်းတွေအပါအဝင် အသင်းတွေ လေ့ကျင့်မှုလုပ်နိုင်ဖို့ ကွင်းသစ်တည်ဆောက်တာဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းကိုလည်း နိုင်ငံတကာအဆင့်မီ တည်ဆောက်မှာဖြစ်ပြီး မြက်ကိုလည်း သုဝဏ္ဏဘောလုံးကွင်းက မြက် အတိုင်း ခင်းကျင်းမှာပါ။ သုဝဏ္ဏလေ့ကျင့် ရေးကွင်း-၁ ရှေ့က သုဝဏ္ဏဘောလုံးကွင်း ဧရိယာထဲမှာ တည်ဆောက်မှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFအထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

MFF သည် ဖူဆယ်အားကစားနည်းကို ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင်မိတ်ဆက်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။ 

သို့သော် နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲများကျင်းပနိုင်သည့် အားကစားရုံ မရှိသဖြင့် ပြည်တွင်းပြိုင်ပွဲများ ကျင်းပနိုင်ရန် အခက်တွေ့နေရသောကြောင့် ဖူဆယ်အားကစားရုံသစ် တည်ဆောက်ခြင်းဖြစ်သည်။ 

ဖူဆယ်အားကစားရုံသစ်ကို တစ်နှစ်ဝန်းကျင်ဖြင့် အပြီးတည်ဆောက်မည်ဖြစ်ပြီး ပရိသတ် ၂၀၀၀ ခန့် အားပေးကြည့်ရှုနိုင်မည်ဖြစ်သည်။ 

အားကစားရုံသစ်တည်ဆောက်ပြီးပါက နိုင်ငံတကာဖူဆယ်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မည်ဖြစ်သည်။


READ NEXT
Cancel OK