Top News

ဥရောပရွှေဖိနပ်ဆုကို စံချိန်တင်(၆)ကြိမ်မြောက်အဖြစ် မက်ဆီ ဆွတ်ခူးရန်  ရာနှုန်းပြည့်သေချာ
24htopnews | December 4, 2024 3:12 AM CST

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို စံချိန်တင်(၆)ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိရန် ရာနှုန်းပြည့်နီးပါးသေချာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သည့် လီဂူးရာသီပိတ်ပွဲစဉ်တွင် အနီးကပ်ဆုံးဖြစ်သူ ဘာပေမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့သောကြောင့် စုစုပေါင်း(၃၃)ဂိုးရှိခဲ့ပြီး မက်ဆီ(၃၆ ဂိုး)ကို လိုက်မမီနိုင်ခဲ့ခြင်းဖြစ်သည်။

စီးရီးအေပြိုင်ပွဲရာသီမှာ လက်ကျန်တစ်ပွဲ ကျန်ရှိသေးသော်လည်း ဂိုးသွင်းအများဆုံးဖြစ်နေသည့် ကွာဂလီရယ်လာမှာ (၂၆)ဂိုးသာသွင်းယူထားသောကြောင့် ရွှေဖိနပ်ဆုရန် (၁၁)ဂိုးအထိသွင်းယူရမည်မှာ မဖြစ်နိုင်တော့သဖြင့် မက်ဆီက ရာနှုန်းပြည့်နီးပါး သေချာခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ယင်းဆုကို အကြိမ်အများဆုံးရရှိသည့်ကစားသမားဖြစ်လျက်ရှိသည့်အပြင် ပထမဆုံး (၃)နှစ်ဆက်ဆွတ်ခူးနိုင်သည့်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

မက်ဆီ၏နောက်တွင် စီရော်နယ်လ်ဒိုက (၄)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်နေပြီး အူဆီဘီယို၊ ဂတ်မူလာ၊ ဂျော်ဂျီစကူ၊ ဖာနန်ဒိုဂိုးမက်စ်၊ မက်ကွိုင်၊ ယာဒဲလ်၊ အွန်နရီ၊ ဖော်လန်၊ ဆွာရက်ဇ်တို့က (၂)ကြိမ်စီရရှိထားသည်။

ဥရောပရွှေဖိနပ်ဆု ချီးမြှင့်ရာတွင် UEFA Coefficients အမြင့်ဆုံးလိဂ်ပြိုင်ပွဲ(၅)ခုမှ လိဂ်သွင်းဂိုးများကို (၂)နှင့်မြောက်ပြီး နံပါတ်(၆)မှ (၂၁)အထိ လိဂ်ပြိုင်ပွဲများကို (၁.၅)နှင့်မြောက်ကာ နံပါတ်(၂၂)နှင့်နောက်ပိုင်းကို (၁)နှင့်မြှောက်ခြင်းဖြစ်သည်။

ယခုရာသီ ရွှေဖိနပ်ဆု အမှတ်ပေးဇယား

အမည်            သွင်းဂိုးပေါင်း    ရမှတ်

မက်ဆီ(ဘာစီလိုနာ)            ၃၆    ၇၂

ဘာပေ(PSG)            ၃၃    ၆၆

ကွာဂလီရယ်လာ(ဆမ်ဒိုးရီးယား)    ၂၆    ၅၂

ဒစ်ဂ်နေး(ဂါလာတာစာရေး)        ၃၀    ၄၅


READ NEXT
Cancel OK