ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်က မန်စီးတီးအသင်းတောင်ပံကစားသမား လီရွိုင်းဆာနေးကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနွေ ရာသီတွင် ၀ါရင့်တောင်ပံကစားသမား ရီဘာရီ၊ ရော်ဘင်တို့နှင့် လမ်းခွဲခဲ့သောကြောင့် ၎င်းတို့နေရာတွင် အစားထိုးရန် ဆာနေးကို စိတ်ဝင်စားနေခြင်းဖြစ်သည်။
ဂျာမနီနိုင်ငံထုတ် Kicker မဂ္ဂဇင်းက တိုက်စစ်ပိုင်းအတွက် ဘိုင်ယန်မြူးနစ်အသင်း၏ အဓိကပစ်မှတ်ကစားသမားမှာ ဆာနေးဖြစ်ကြောင်း ဖော်ပြပြီး ရက်ပိုင်းအကြာမှာပင် အူလီဟိုးနက်စ်က မြူးနစ်အခြေစိုက် Sueddeutsche Zeitung သတင်းစာနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ အတည် ပြု ပြောကြားခြင်းဖြစ်သည်။
''ကျွန်တော်တို့ အဲဒီကစားသမား (ဆာနေး) ကို စောင့်ကြည့်နေပါတယ်''ဟု ၎င်းက ဆိုသည်။
ဂျာမနီလက်ရွေးစင်ကစားသမား ဆာနေး (၂၃ နှစ်) သည် ၂၀၁၆ ခုနှစ် နွေရာသီတွင် မန်စီးတီးအသင်း သို့ ပေါင် ၃၇ သန်းဖြင့် မပြောင်းရွှေ့ခင်ကတည်းက ဘိုင်ယန်မြူးနစ်အသင်း၏ စိတ်ဝင် စားခြင်းခံခဲ့ရသူဖြစ်သည်။
၎င်းသည် သုံး ရာသီအတွင်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၃၃ ပွဲကစား ၃၉ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ် ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား နှစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်း တစ်ကြိမ် ရရှိထားသည်။
ဆာနေးသည် ၂၀၁၇-၂၀၁၈ ရာသီတွင် PFA လူငယ်အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သော်လည်း ၂၀၁၈- ၂၀၁၉ ရာသီတွင်မူ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသောကြောင့် မပျော်မရွှင်ဖြစ်နေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဆာနေး အတွက် ပေါင်သန်း ၇၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပြီး မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကမူ ရောင်းချလိုခြင်းမရှိကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် နွေရာသီအပြောင်းအရွှေ့မစခင်ကတည်းက ခံစစ်ပိုင်းအားဖြည့်မှုပြုလုပ်ထားပြီး အက်သလက်တီကိုအသင်း ဘယ်နောက်ခံလူ ဟာနန်ဒက်ဇ်ကို ကလပ်စံချိန်တင် ပေါင်သန်း ၇၀ နှင့် စတုဂတ်အသင်း ညာနောက်ခံလူ ပါဗာကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
