Top News

ဂျာမန်ဖလားဗိုလ်လုပွဲတွင် နော်ယာ ပါဝင်ကစားမည်ဟု ကိုဗက် အတည်ပြု
24htopnews | December 4, 2024 3:12 AM CST

ဒဏ်ရာမှပြန်လည်သက်သာလာည့် ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်နှင့် ဂိုးသမား နော်ယာမှာ လိုက်ပ်ဇစ်နှင့် ယနေ့ယှဉ်ပြိုင်ရမည့် ဂျာမန်ဖလားဗိုလ်လုပွဲတွင် ပါဝင်ကစားမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်က အတည်ပြုပြောကြားခဲ့သည်။

(၃၃)နှစ်အရွယ်ရှိ နော်ယာသည် ပြီးခဲ့သည့်ဧပြီလလယ်ပိုင်းက ဒစ်ဆယ်ဒေါ့ဖ်နှင့်ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိပြီး အနားယူခဲ့ရသူဖြစ်သည်။ 

၎င်းအနေဖြင့် လွန်ခဲ့သည့်နှစ်ပတ်ခန့်ကတည်းက ဒဏ်ရာမှသက်သာနေသော်လည်း အသင်းတွင်ပါဝင်ကစားခြင်းမရှိခဲ့ကြောင်း သိရသည်။

မေလ(၂၄)ရက်ကပြုလုပ်ခဲ့သည့် ဂျာမန်ဖလားဗိုလ်လုပွဲ သတင်းစာရှင်းလင်းပွဲတွင် ကိုဗက်က နော်ယာ ပါဝင်ကစားမည်ဟု အတည်ပြုခဲ့သည်။

'' မန်နူရယ်(နော်ယာ)ဟာ မနက်ဖြန်ပွဲမှာ ကစားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ပါ။ ပြီးတော့ ဒီရာသီမှာ သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်''ဟု ကိုဗက်က ပြောကြားခဲ့သည်။

သို့သော် ကွင်းလယ်လူ ဂိုဟက်ဇ်ကာမှာ ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် ဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ဟု ကိုဗက်က ဝန်ခံခဲ့သည်။


READ NEXT
Cancel OK