PSG အသင်း၏ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း သိရှိရသည်။
PSG အသင်း၏ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီသည် လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း သိရှိရသည်။
အယ်လ်ခီလိုင်ဖီသည် ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို ကာတာနိုင်ငံတွင် ကျင်းပခွင့်ရရှိရန်အတွက် တာဝန်ရှိသူများထံ လာဘ်ထိုးခဲ့ခြင်းကြောင့်စွဲချက်တင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အယ်လ်ခီလိုင်ဖီသည် ၂၀၁၇ ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲကို ဒိုဟာတွင် ကျင်းပခွင့်ရရှိရန်အတွက် အဓိကကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယူရို(၃)သန်းကျော်လာဘ်ထိုးခဲ့ကြောင်း ပြီးခဲ့သည့်မတ်လကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။
ယခုအခါ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်သစ်တရားရုံးက စွဲချက်တင်ခဲ့ခြင်းလည်းဖြစ်သည်။
အယ်လ်ခီလိုင်ဖီသည် အဆိုပါအားကစားပြိုင်ပွဲကို ကာတာနိုင်ငံတွင် ကျင်းပခွင့်ရရှိရန် ၂၀၁၁ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း လာမီနီဒီယက်ခ်၏သားဖြစ်သူကို လာဘ်ထိုးခဲ့ခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။
၂၀၁၉ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခွင့်ရရှိခဲ့ပြီးနောက် အယ်လ်ခီလိုင်ဖီ၏ လုပ်ဆောင်ခဲ့မှုများကိုပြန်လည်စစ်ကြောလာခဲ့ခြင်းဖြစ်ပြီး မရိုးသားမှုများရှိသည်ဟု ယူဆကာ ပြင်သစ်တရားရုံးက စွဲချက်တင်ခဲ့ခြင်းလည်းဖြစ်သည်။
နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့က အယ်လ်ခီလိုင်ဖီအပေါ် စွပ်စွဲမှုများထွက်ပေါ်လာချိန်တွင် ပူးပေါင်းကူညီသွားမည်ဟု ပြောကြားခဲ့သလို၊ အယ်လ်ခီလိုင်ဖီဘက်မှ ရပ်တည်ပေးမည့်သူများစွာ ရှိနေကြောင်းလည်း သိရှိရသည်။ ၎င်း၏ ရှေ့နေဖြစ်သူကလည်း မည်သည့်မှားယွင်းမှုမျှမရှိခဲ့ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
