Top News

ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ရီးယဲလ်နှင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘက်တစ္စတာ ကြေညာ
24htopnews | December 4, 2024 3:12 AM CST

ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် ဘရာဇီးလ်တိုက်စစ်မှူး ဘက်တစ္စတာက မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း မေလ (၂၄) ရက်က ကြေညာခဲ့သည်။

ရီးယဲလ်မက်ဒရစ်နှင့် အာဆင်နယ်အသင်းတို့တွင် ကစားခဲ့ဖူးသည့် ဘရာဇီးလ်တိုက်စစ်မှူး ဘက်တစ္စတာက မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း မေလ (၂၄) ရက်က ကြေညာခဲ့သည်။

အသက် (၃၇) နှစ်အရွယ်ရှိ ဘက်တစ္စတာသည် ကစားသမားဘဝတွင် နှစ်ပေါင်း  (၂၀) ကျော်ကျင်လည်ခဲ့သူဖြစ်ပြီး ဘဝသစ်ကိုပြန်လည်စတင်ရန် အချိန်တန်ပြီဖြစ်သဖြင့် ကစားသမားဘဝမှအနားယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ကစားသမားဘဝတစ်လျှောက် ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဘက်တစ္စတာက "ဘောလုံးလောကမှာ နှစ်ပေါင်း (၂၀) ကျော် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ အခုက အနားယူရမယ့်အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားဘဝကနေ အနားယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော့်အနေနဲ့ ဘဝသစ်ကို စတင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။ ကစားသမားဘဝတစ်လျှောက် ကူညီပေးခဲ့တဲ့သူတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

ဘက်တစ္စတာသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၀ ခုနှစ်တွင် ဘရာဇီးကလပ် ဆာပေါ်လိုအသင်းနှင့်အတူ စတင်ခဲ့သူဖြစ်ပြီး ဆာပေါ်လိုအသင်းအပါအဝင် ကလပ်အသင်းပေါင်း (၉) သင်းတွင် ပါဝင်ကစားခဲ့သည်။

ဘက်တစ္စတာသည် ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်၊ ရိုးမား စသည့် ဥရောပအသင်းကြီးများတွင် ကစားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ရိုမေးနီးယားကလပ် CFR Cluj အသင်းတွင် ကစားခဲ့သည်။ ၎င်းသည် ကလပ်ကစားသမားဘဝ (၃၉၅)ပွဲတွင် (၁၁၇) ဂိုးသွင်းယူခဲ့သည်။

ထို့ပြင် ဘက်တစ္စတာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းတွင်လည်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့ပြီး (၄၇) ပွဲတွင် (၅) ဂိုးသွင်းယူခဲ့သည်။


READ NEXT
Cancel OK