Top News

Nations League ပြိုင်ပွဲအတွက် ပေါ်တူဂီအသင်း၏ လူစာရင်းတွင် စီရော်နယ်လ်ဒို ပါဝင်လာ 
24htopnews | December 4, 2024 3:12 AM CST

ပေါ်တူဂီအသင်းသည် လာမည့်ဇွန်(၅)ရက်တွင် ဆွစ်ဇာလန်အသင်းနှင့်ကစားမည့် Nations League ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လူစာရင်းကိုထုတ်ပြန်ခဲ့ရာ ဂျူဗင်တပ်စ်အသင်း၏တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို ပါဝင်လာခဲ့ကြောင်း သိရသည်။ 

ပေါ်တူဂီအသင်းသည် လာမည့်ဇွန်(၅)ရက်တွင် ဆွစ်ဇာလန်အသင်းနှင့်ကစားမည့် Nations League ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လူစာရင်းကိုထုတ်ပြန်ခဲ့ရာ ဂျူဗင်တပ်စ်အသင်း၏တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို ပါဝင်လာခဲ့ကြောင်း သိရသည်။ 

အသက်(၃၄)နှစ်ရှိ  ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ပေါ်တူဂီအသင်းတွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Nations League နောက်ဆုံးအဆင့်ပွဲစဉ်များအတွက် ပြန်လည်ပါဝင်လာခြင်းဖြစ်သည်။  

စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းသမိုင်းတွင် (၁၅၆) ပွဲဖြင့် ပွဲအများဆုံးကစားထားသူဖြစ်သလို၊ သွင်းဂိုး (၈၅) ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ပါ ရပ်တည်နေသူဖြစ်သည်။ 

ပေါ်တူဂီအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းကို အနိုင်ရခဲ့မည်ဆိုပါက အင်္ဂလန်-နယ်သာလန်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

ပေါ်တူဂီအသင်းတွင် စီရော်နယ်လ်ဒိုနှင့် ဘာနာဒိုဆေးလ်ဗား၊ မော်တင်ဟို၊ ပတ်ထရီစီယိုစသည့် နာမည်ကျော်ကစားသမားများ ပါဝင်လာခဲ့သလို၊ ဥရောပထိပ်တန်းကလပ်အသင်းများ စိတ်ဝင်စားခြင်းကို ခံနေရသည့် ဘင်ဖီကာလူငယ်တိုက်စစ်ကစားသမား ယာအိုဖီးလစ်လည်း ပါဝင်လာခဲ့သည်။ 

■ ပေါ်တူဂီအသင်း၏ လူစာရင်း

ဂိုး - ပတ်ထရီစီယို (ဝုလ်ဖ်)၊ ဘီတို (ဂေါ့တီပီ)၊ ဟိုဆေးဆာ (အိုလံပီယာကော့စ်)

နောက် - ပီပီ (ပေါ်တို)၊ ဖွန်တီ (လိုင်လီ)၊ ဂယ်ဟေရို (ဒေါ့မွန်)၊ ကန်ဆယ်လို (ဂျူဗင်တပ်စ်)၊ ရူဘင်ဒီယာ့ဇ် (ဘင်ဖီကာ)၊ မာရီယိုရူအီ (နာပိုလီ)၊ ဆယ်မီဒို (ဘာစီလိုနာ)

လယ် - မော်တင်ဟို (ဝုလ်ဖ်)၊ ကာဗယ်လ်ဟို (ဘက်တစ်)၊ ပယ်ရဲရား (ပေါ်တို)၊ ပစ်ဇီ (ဘင်ဖီကာ)၊ ဖာနန်ဒက်စ် (စပို့တင်းလစ္စဘွန်း)၊ နေးဗက်စ် (ဝုလ်ဖ်)

ရှေ့ - စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)၊ ဘာနာဒိုဆေးလ်ဗား (မန်စီးတီး)၊ ဂယ်ဒက်စ် (ဗလင်စီယာ)၊ ရာဖာဆေးလ်ဗား (ဘင်ဖီကာ)၊ ဆိုဆာ (ဘရာဂါ)၊ ယာအိုဖီးလစ် (ဘင်ဖီကာ)၊ ယိုတာ (ဝုလ်ဖ်)


READ NEXT
Cancel OK