Top News

လမ်းခွဲပြီး (၄)လအကြာတွင် လစ်ပီအား နည်းပြအဖြစ် တရုတ်အသင်း ပြန်လည်ခန့်အပ် 
24htopnews | December 4, 2024 3:12 AM CST

တရုတ်အသင်းသည် လွန်ခဲ့သည့် (၄) လက အသင်းနှင့်လမ်းခွဲခဲ့သည့် အီတလီလူမျိုး လစ်ပီကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

တရုတ်အသင်းသည် လွန်ခဲ့သည့် (၄) လက အသင်းနှင့်လမ်းခွဲခဲ့သည့် အီတလီလူမျိုး လစ်ပီကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။

အသက် (၇၁) နှစ်အရွယ်ရှိ လစ်ပီသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာတွင် တရုတ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပခဲ့သည့် ၂၀၁၉ အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ တရုတ်အသင်း ထွက်ခွာခဲ့ရပြီးနောက် စာချုပ်သက်တမ်းထပ်မတိုးဘဲ လမ်းခွဲခဲ့သူဖြစ်သည်။

တရုတ်အသင်းသည် နည်းပြ လစ်ပီထွက်ခွာသွားပြီးနောက် တရုတ်စူပါလိဂ်ကလပ် ကွမ်းကျိုးအဲဗားဂရန်းအသင်းနည်းပြ ကင်နာဗာရိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ ကင်နာဗာရိုသည် ကွမ်ကျိုးအဲဗားဂရန်းအသင်းနှင့် တရုတ်အသင်းတို့ကို တစ်ပြိုင်နက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ တရုတ်ဖလားပြိုင်ပွဲ၌ ထိုင်းနှင့် ဥဇဘတ်ကစ္စတန်အသင်းတို့ကို (၂) ပွဲဆက်ရှုံးနိမ့်ပြီးနောက် ပြီးခဲ့သည့်ဧပြီလတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ 

တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) က ယနေ့ (မေလ ၂၄ ရက်) တွင် လစ်ပီအား အသင်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

CFA ၏ထုတ်ပြန်ချက်တွင် "လက်ရွေးစင်အသင်းကို လစ်ပီကိုင်တွယ်တုန်းက အသင်းဟာ စိတ်ဓာတ်ပိုင်းရော၊ ယုံကြည်မှုပိုင်းပါ တိုးတက်ခဲ့ပါတယ်။ လစ်ပီနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ တရုတ်အမျိုးသားလက်ရွေးစင်အသင်းရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။

လစ်ပီသည် တရုတ်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ ပွဲ (၃၀) ကိုင်တွယ်ခဲ့ရာတွင် (၁၀)ပွဲနိုင်၊ (၉)ပွဲသရေ၊ (၁၁)ပွဲရှုံးရလဒ် ရရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်းမှာ (၃၃.၃၃) ရာခိုင်နှုန်းသာ ရှိခဲ့သည်။ လစ်ပီအား တရုတ်အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ခြင်းကို တရုတ်မီဒီယာများနှင့် ပရိသတ်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK